အိုဘားမား အစွန်းရောက် တိုက်ဖျက်ရေး မိန့်ခွန်းပြော

obama ဓာတ်ပုံ မူပိုင် AP
Image caption အစွန်းရောက် တိုက်ဖျက်ရေး ညီလာခံမှာ ပြောကြား

အစွန်းရောက် ဝါဒ တိုက်ဖျက်ရေး ညီလာခံ တခု မှာ အမေရိကန် သမ္မတ အိုဘားမား က သူတို့ဟာ အစ္စလာမ် ဝါဒနဲ့ စစ်ခင်း နေတာ မဟုတ်ဘဲ အစ္စလာမ်ကို ပုံဖျက်နေတဲ့ အကြမ်းဖက် သမား တွေနဲ့ စစ်ဖြစ်နေတာ သာ ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ်။

ဝါရှင်တန်မှာ ကျင်းပတဲ့ ၃ ရက်တာ ထိပ်သီး ဆွေးနွေးပွဲ မှာ မစ္စတာ အိုဘားမား ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

လူငယ် တွေကို အကြမ်းဖက်မှု တွေဆီ သွေးဆောင် နေ တဲ့ အစ္စလာမ္မစ် နိုင်ငံ အဖွဲ့လို အုပ်စုတွေကို ကမ္ဘာ က ရင်ဆိုင် နေရတယ် လို့ သူက ဆိုပါတယ်။

အစွန်းရောက် အုပ်စု တွေရဲ့ စည်းရုံးမှု ကို တန်ပြန် နိုင်ဖို့ လူငယ် တွေရဲ့ မကျေနပ်ချက် ဒေါသ တွေကို ဖော်ထုတ် ဖို့ လိုတယ်လို့ အိုဘားမား က ထောက်ပြ ခဲ့ပါတယ်။

အစ္စလာမ္မစ် ဝါဒီ တွေ တိုက်ခိုက် ခံခဲ့ရတဲ့ ပြင်သစ်၊ ဒိန်းမတ်၊ သြစတြေးလျ စတဲ့ နိုင်ငံ ၆ဝ ကျော်က ကိုယ်စားလှယ်တွေ တက်ရောက် နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ