ယူကရိန်း အပစ်ရပ်ဖို့ ကုလ တောင်းဆို

ဓာတ်ပုံ မူပိုင် AP
Image caption ဒီဗောဆဗာမြို့ နေရာအများစုကို သူပုန်က ထိန်းချုပ်ထားပြီ လို့ဆို

ယူကရိန်း အရှေ့ပိုင်း တိုက်ပွဲတွေ ရပ်တန့်ပြီး အပစ်အခတ် ရပ်စဲရေးကို အကောင် အထည် ဖော်ကြဖို့ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ က တောင်းဆို လိုက်ပါတယ်။

မဟာ ဗျူဟာ အရ အရေးပါတဲ့ Debaltseve မြို့မှာ ဖြစ်ပွား နေတဲ့ တိုက်ပွဲ တွေ အရေး အတွက် လုံခြုံရေး ကောင်စီ က အထူး စိုးရိမ်ကြောင်း ဖော်ပြ ခဲ့ပါတယ်။

ဒီမြို့ကို ရုရှ ဘက်တော်သား သူပုန် တွေ က အများဆုံး ထိန်းချုပ် ထားနေပြီလို့ နောက်ဆုံး ဝင်လာတဲ့ သတင်းတွေ အရ သိရပါတယ်။

အစိုးရ စစ်သား ရာနဲ့ချီ ပြီး ဒီမြို့မှာ ဝိုင်းခံ နေရတယ်လို့ ယူကရိန်း အစိုးရ ဘက်က ပြောပါတယ်။

ဒီတိုက်ခိုက်မှု တွေ အတွက် အနောက် အုပ်စုက တင်းတင်းမာမာ တုံ့ပြန် ဆောင်ရွက်ဖို့ ယူကရိန်း သမ္မတ က တောင်းဆို ထားပါတယ်။

ဒါပေမဲ့ ယူကရိန်း အရေး အတွက် ရုရှ နဲ့ တဆင့်ခံ စစ်ဖြစ်ရမှာကို ဘယ်သူမှ လိုလားမှာ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောဆိုပါတယ်။