အချက်အချာ မြို့ကနေ ယူကရိန်းတပ်တွေ ဆုတ်ခွာ

ဓာတ်ပုံ မူပိုင် Reuters
Image caption ယူကရိန်း စစ်သား ၈၀ ရာနှုန်း ဆုတ်ခွာနိုင်ခဲ့ပြီလို့ ဆို

ယူကရိန်း အရှေ့ပိုင်းက မဟာဗျူဟာ အချက်အချာကျရာ Debaltseve မြို့ကနေ အစိုးရ တပ်တွေ စနစ်တကျ ဆုတ်ခွာခဲ့ပြီလို့ ယူကရိန်း သမ္မတ ပက်ထရို ပိုရိုရှန်ကိုက ပြောပါတယ်။

ဆုတ်ခွာလာကြတဲ့ အစိုးရတပ်ရဲ့ သံချပ်ကာကား ယာဉ်တန်းတွေနဲ့ ပင်ပန်း နွမ်းနယ် နေပုံ ရတဲ့ စစ်သားတွေကို ယူကရိန်း ရုပ်မြင်သံကြား ကနေ ပြသခဲ့ ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း မင့်စ်မြို့မှာ အပစ်ရပ် သဘောတူမှု လက်မှတ်ရေးထိုး ခဲ့ပေမယ့် ဆက်သွယ်ရေး အချက်အချာ ကျတဲ့ ဒဗော့ဆက်ဗ် မြို့ကို ထိန်းချုပ် နိုင်ရေး အတွက် သူပုန်တွေရဲ့ တိုက်ခိုက်မှုကို အစိုးရ တပ်တွေ အကြီးအကျယ် ခံခဲ့ရပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Lavrov ကတော့ ငြိမ်းချမ်းရေး သဘောတူ ခဲ့ချိန်က ဒဗော့ဆက်ဗ် မြို့ဟာ သူပုန်တွေ ထိန်းချုပ်ရာ ဧရိယာ အတွင်းမှာ ရှိနေခဲ့တဲ့ အတွက် အခုလို ခွဲထွက်ရေး သူပုန်တွေက ဒဗော့ဆက်ဗ် မြို့ကို တိုက်ခိုက်တာဟာ သဘောတူညီချက်ကို ချိုးဖောက်ရာ မရောက်ဘူးလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ