ဂရိ ငွေချေးမှု အစီအစဉ် ဂျာမနီ ပယ်ချ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဂရိရဲ့ တောင်းဆိုချက်ကို သောကြာနေ့မှာ အီးယူ ဆုံးဖြတ်မယ်

ဂရိ နိုင်ငံက ဥရောပကို တောင်းဆို ထားတဲ့ ငွေချေးယူရေး အစီအစဉ် ၆ လ သက်တမ်း ထပ်တိုးပေးဖို့ တောင်းဆို ချက်ကို ဂျာမနီ နိုင်ငံက ပယ်ချ လိုက်ပါတယ်။

ဂရိရဲ့ တောင်းဆိုချက်ဟာ အပြုသဘော ဆောင်တယ်လို့ အီးယူ ကော်မရှင်က ပြောခဲ့ပြီး မိနစ်ပိုင်း အကြာမှာပဲ ဂျာမနီက အခုလို ကန့်ကွက် ပယ်ချ လိုက်တာပါ။

ခြိုးခြံ ခြွေတာရေး အစီအစဉ်တွေ ပါဝင်တဲ့ လက်ရှိ အီးယူရဲ့ ငွေချေးယူရေး အစီအစဉ်ဟာ အခု ဖေဖော်ဝါရီ လကုန်မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ဂရိက ဒီအစီအစဉ်ကို အသစ်ပြန်စဖို့ တောင်းဆိုတာ မဟုတ်ဘဲ ၆ လတာ သီးခြား ကူညီဖို့ တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဂရိအတွက် အပြီးသတ် ဆုံးဖြတ်ချက် ကိုတော့ မနက်ဖြန် သောကြာနေ့မှာ ဘရပ်ဆဲမြို့မှာ တွေ့ဆုံမယ့် အီးယူရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေးမှာ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ