ယူ​က​ရိန်း ခါး​ကစ်​မြို့​မှာ ဗုံးကွဲ

kharkiv_explosion ဓာတ်ပုံ မူပိုင် Slava Mavrichev
Image caption ခါးကစ်မြို့ ဗုးခွဲသူတွေ ဟာ ရုရှား ဆီက သင်တန်းတွေ လက်နက်တွေ ရခဲ့တယ်လို့ ယူကရိန်း စွပ်စွဲ။

ယူကရိန်း နိုင်ငံ မှာ ရုရှား ဘက်ယိမ်း တဲ့ အရင် သမ္မတ ကို ဖြုတ်ချ နိုင်ခဲ့တဲ့ လူထု လှုပ်ရှား မှု ၁ နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ ၊ ခါးကစ်ဗ် မြို့ မှာ လူတွေ စုဝေးစဉ် ဗုံးပေါက်ကွဲ မှု ဖြစ်ခဲ့လို့ လူ ၂ ဦး သေဆုံး သွားပါတယ်။

ဒီ တိုက်ခိုက်မှု နဲ့ ပတ်သက်ပြီး ယူကရိန်း ရဲတွေ က လူ တချို့ ကို ဖမ်းဆီး ခဲ့ပြီး ထိုသူတွေ ဟာ ရုရှား က လေ့ကျင့် ပေးထား ပြီး လက်နက် ဆင်ပေး ထားသူတွေ ဖြစ်တယ် လို့ စွပ်စွဲ လိုက်ပါတယ်။

ယူကရိန်း အရှေ့ဘက် ခြမ်း အစိုးရ နဲ့ ရုရှား လိုလားသူ ခွဲထွက်ရေး သူပုန် တွေ အကြား တိုက်ပွဲ တွေ ဖြစ်နေ ခဲ့တဲ့ စစ်မျက်နှာ တွေ မှာတော့ နိုင်ငံတကာ က ကြားဝင် ညှိနှိုင်း ပေးခဲ့တဲ့ အပစ်ရပ် သဘောတူ မှု နဲ့ အညီ လက်နက်ကြီး တွေ ကို ရုတ်သိမ်း ရေး မှာ ဘယ် လမ်း ကြောင်း တွေ ကို အသုံးပြု မလဲ ဆိုတာ ကို သိရဖို့ စောင့် နေရတုန်းပဲ လို့ ဥရောပ လုံခြုံရေး ဆိုင်ရာ စောင့်ကြည့် ရေး OSCE အဖွဲ့ဝင် တွေ က ပြောနေပါတယ်။

ယူကရိန်း အရှေ့ခြမ်းမှာ အပစ်ရပ် သဘောတူမှု ပါ အချက်တွေ ကို တကယ်တမ်း လေးစား လိုက်နာ နေကြသလား ဆိုတာ ရှင်းရှင်းလင်းလင်း မရှိတဲ့ အကြောင်း ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး ဖရန့်ခ်-ဗော်လ်တာ စတိုင်းမားယား က ပြောပါတယ်။

၂ ဘက်စလုံး ကနေ ပစ်ခတ်မှု တွေ ရှိနေတယ် ဆိုပြီး OSCE ရဲ့ အစီရင်ခံစာ တွေ ရရှိနေလို့ အပစ်ရပ် သဘောတူမှု ကို ချိုးဖျက် နေတဲ့ အဓိပ္ပာယ် ပဲလို့ မစ္စတာ စတိုင်းမိုင်းယား က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ