ပိုက်လိုင်း စီမံကိန်း အိုဘားမား ပယ်ချ

keystone ဓာတ်ပုံ မူပိုင် AP
Image caption ပိုက်လိုင်းကြောင့် ကမ္ဘာကြီး ပူနွေးမှုမှာ သက်ရောက် နိုင်

အကြီးအကျယ် အငြင်းပွား နေကြတဲ့ Keystone XL ရေနံ ပိုက်လိုင်း တည်ဆောက်ရေး စီမံကိန်း ကို ခွင့်ပြုတဲ့ ဥပဒေ ကို အမေရိကန် သမ္မတ အိုဘားမား က ဗီတို အာဏာ သုံးပြီး ပယ်ချ လိုက်ပါတယ်။

သမ္မတ ပြောခွင့်ရ ပုဂ္ဂိုလ် Josh Earnest ကတော့ သမ္မတ အနေနဲ့ ဒီဥပဒေ ကို ချက်ချင်း ပယ်ချ ဖို့ စီစဉ် ထားတယ် လို့ သူက ဆိုပါတယ်။

မိုင် ၁၂ဝဝ လောက် ရှည်လျား တဲ့ ရေနံ ပိုက်လိုင်းကို ကနေဒါ နိုင်ငံက နေ အမေရိကန် အနောက် ပိုင်းက နီဘရာ စကာ ပြည်နယ် ဟို ဘက်ထိ ဆက်သွယ်ပြီး ရေနံ တင်ပို့ဖို့ စီစဉ် ထားတဲ့ စီမံကိန်း ကြီး ဖြစ်ပါတယ်။

ဒီ ပိုက်လိုင်းကြောင့် ကမ္ဘာကြီး ပူနွေး လာမှုမှာ ပိုဆိုးတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာ နိုင်တယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမား တွေက သတိပေး ခဲ့ကြ ပါတယ်။

ဒီစီမံကိန်းဟာ သမ္မတ နဲ့ ရီပတ် ဘလစ်ကန်တွေ ကြီးစိုးတဲ့ ကွန်ဂရက် လွှတ်တော်ကြား ပြိုင်ဆိုင်မှု လို ဖြစ်လာ ခဲ့ပါတယ်။

အိုဘားမား က သူ့ သမ္မတ သက်တမ်းမှာ တတိယ အကြိမ် မြောက် ဗီတို အာဏာ သုံးပြီး ပယ်ချ ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ