ကမ္ဘာ့ဖလား ပွဲချိန်ရွှေ့မှု လျော်ကြေးမပေးဟု ဖီဖာပြော

ဓာတ်ပုံ မူပိုင် AP
Image caption ကလပ်အသင်းတွေကို လျော်ကြေး မပေးသလို တောင်းပန်စရာလည်း မလိုကြောင်း ဖီဖာ အတွင်းရေးမှူးချုပ် ပြော

၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလား ဘောလုံးပွဲကို နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာ ရွှေ့ပြောင်း ကျင်းပမယ့် အစီအစဉ် အပေါ် မကျေနပ်ကြတဲ့ ကလပ် အသင်းတွေနဲ့ လိဂ်ပြိုင်ပွဲတွေ အတွက် နစ်နာကြေး ပေးမှာ မဟုတ်ဘူးလို့ ဖီဖာ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်က ပြောပါတယ်။

အဲဒီလို ရွှေ့ပြောင်း ကျင်းပမယ့် ကာလဟာ နိုင်ငံ အတော်များများက လိဂ်ပြိုင်ပွဲတွေကို အနှောင့်အယှက် ဖြစ်စေမှာ ဖြစ်ပေမယ့် ဖီဖာ အတွင်းရေးမှူးချုပ် Jerome Valcke ကတော့ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး တောင်းပန်စရာလည်း မလိုဘူးလို့ ထင်ကြောင်း ပြောပါတယ်။

ကာတာ နိုင်ငံရဲ့ ပူပြင်းတဲ့ နွေရာသီကို ရှောင်လွှဲနိုင်ရေး အတွက် နွေရာသီမှာ ကျင်းပနေကျ ကမ္ဘာ့ဖလားရဲ့ အစဉ်အလာကို ဖျက်ပြီး အခုလို ဆောင်းရာသီကို ပြောင်းရွှေ့ ကျင်းပဖို့ ဖီဖာရဲ့ လုပ်ငန်းအဖွဲ့က အကြံပြု ထောက်ခံ ခဲ့တာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို နောက်လ ဇူးရစ်မြို့မှာ ကျင်းပမယ့် ဖီဖာ အမှုဆောင် ကော်မီတီ အစည်းအဝေးမှာ အတည်ပြု လက်မှတ်ထိုးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ