ခေါင်းဖြတ်တဲ့ IS စစ်သွေးကြွကို ဖော်ထုတ်နိုင်ပြီ

ဓာတ်ပုံ မူပိုင် epa
Image caption ဓားစာခံ ၅ ယောက်ကို ခေါင်းဖြတ် သတ်ခဲ့တဲ့ Jihadi John လို့ အမည်ဝှက် ပေးထားသူ

IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့က ဖြန့်ဝေတဲ့ ဗီဒီယိုတွေ ထဲက ဓားစာခံတွေကို ခေါင်းဖြတ် သတ်တဲ့ Jihadi John ဆိုတဲ့ အမည်ဝှက်နဲ့ မျက်နှာဖုံးစွပ် စစ်သွေးကြွဟာ အမှန်တကယ် ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာကို ဖော်ထုတ် လိုက်နိုင်ပြီ ဖြစ်ပါတယ်။

သူဟာ ဗြိတိန် နိုင်ငံသား ဖြစ်ပြီး လန်ဒန်မြို့ အနောက်ပိုင်းသား ဖြစ်ကာ၊ အမည်ရင်းကတော့ Mohammed Emwazi လို့ ယုံကြည် ရပါတယ်။

သူ့ကို ဗီဒီယိုတွေထဲမှာ အမေရိကန် သတင်းထောက် James Foley၊ ကူညီရေး လုပ်ဆောင်သူ ဗြိတိန်နိုင်ငံသား David Haines နဲ့ ဂျပန် သတင်းထောက် Kenji Goto တို့ အပါအဝင် IS အဖွဲ့ရဲ့ ဓားစာခံ ၅ ယောက်ကို ဓားကိုင်ပြီး ခေါင်းဖြတ် သတ်တဲ့ သူအဖြစ် မြင်တွေ့ ခဲ့ကြရတာ ဖြစ်ပါတယ်။

သူဟာ ၂၀၀၆ ခုနှစ်မှာ ဆိုမာလီယာ နိုင်ငံကို ရောက်ရှိသွားပြီး အဲဒီမှာ ရှိတဲ့ အယ်လ်ရှာဘတ် စစ်သွေးကြွ အဖွဲ့တွေနဲ့ အချိတ်အဆက် ရခဲ့တယ်လို့ ယူဆ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ