လက်နက် ရုပ်သိမ်းမှု ယူကရိန်း စတင်

ဓာတ်ပုံ မူပိုင် Reuters
Image caption အပစ်ရပ် သဘောတူညီချက်မှာ လက်နက်ကြီး ရုပ်သိမ်းမှုက အရေးပါ

ယူကရိန်း အရှေ့ပိုင်းမှာ အပစ်ရပ်ရေး သဘော တူညီမှုရဲ့ တစိတ်တပိုင်း အဖြစ် အစိုးရ စစ်တပ်က သူတို့ရဲ့ လက်နက်ကြီးတွေကို ရှေ့တန်း ကနေ စတင် ရုပ်သိမ်း နေပြီ ဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

၁၀၀ မမ အမြောက်တွေကို ပထမ အဆင့် အဖြစ် စတင် ရုပ်သိမ်း နေတယ်လို့ ဆိုပြီး ဒီလို ရုပ်သိမ်းမှုကို ဥရောပ လုံခြုံရေး ဆိုင်ရာ စောင့်ကြည့် ရေး OSCE အဖွဲ့က စောင့်ကြည့် သွားမယ်လို့ ဆိုပါတယ်။

ခွဲထွက်ရေး သူပုန်တွေကလည်း သူတို့ရဲ့ လက်နက် ရုပ်သိမ်းမှုတွေ စတင် လိုက်ပြီလို့ အစောပိုင်းက ပြောပေမယ့် စောင့်ကြည့်ရေး အဖွဲ့ဝင်တွေက အတည်မပြု နိုင်ခဲ့ပါဘူး။

ဖေဖော်ဝါရီ ၁၅ ရက်က အပစ်ရပ်ရေး သဘောတူညီချက် စတင် သက်ရောက် ခဲ့တာ ဖြစ်ပေမယ့် နောက်တစ်နေ့ မှာပဲ ခွဲထွက်ရေး သူပုန်တွေက ယူကရိန်း အရှေ့ပိုင်းမှာ အချက်အချာ ကျတဲ့ Debaltseve မြို့ကို သိမ်းယူ ခဲ့ပါတယ်။

ယူကရိန်း အရှေ့ပိုင်းမှာ အစိုးရ တပ်နဲ့ ခွဲထွက်ရေး သူပုန်တွေကြား တိုက်ပွဲတွေဟာ ခရိုင်းမီးယားကို ရုရှားက ဖဲ့ယူခဲ့ပြီး တစ်လ အကြာ မနှစ်က ဧပြီလ ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ခုချိန်အထိ လူ ၅၈၀၀ နီးပါး သေဆုံး ခဲ့ပြီလို့ ကုလသမဂ္ဂက ခန့်မှန်း ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ