မစ်ဇူရီ ပစ်ခတ်မှု ကန် ရဲအဖွဲ့ ဘက်လိုက် လို့ဆို

ferguson ဓာတ်ပုံ မူပိုင် ferguson
Image caption ဒီလူသတ်မှုကြောင့် ဖာဂူဆန်မှာ အဓိကရုဏ်းဖြစ်

မနှစ်က အမေရိကန် မစ်ဇူရီ ပြည်နယ် ဖာဂူဆန် မြို့ မှာ လက်နက်မဲ့ လူမည်း ဆယ်ကျော်သက် လူငယ် ပစ်သတ် ခံရတဲ့ အမှု မှာ မြို့ရဲ့ ရဲအဖွဲ့၊ တရား ရုံးနဲ့ အကျဉ်းထောင် တွေမှာ လူမျိုး ခွဲခြား ဘက်လိုက်တဲ့ ပုံစံတွေ ရှိနေတာ တွေ့ရတယ် လို့ တရားရေး ဌာန စုံစမ်းရေး အစီရင်ခံစာ က ထုတ်ပြန် လိုက်ပါတယ်။

လူမည်း တွေကို ရဲက အင်အား အဆမတန် သုံး နှိမ်နင်းပြီး အမှု အသေးအဖွဲ တွေနဲ့ လည်း တရားစွဲဆိုလေ့ ရှိတယ် လို့လည်း ဒီအစီရင်ခံစာ ကရေးသား ပါတယ်။

လူမည်း လူငယ် မိုက်ကယ် ဘရောင်းကို လူဖြူ ရဲ အရာရှိက ပစ်သတ် ခဲ့တာပါ။

ဒီလူသတ်မှုကြောင့် ဖာဂူဆန် မြို့မှာ အဓိကရုဏ်းဖြစ် ပွားခဲ့ပြီး ဂျူရီ လူကြီးအဖွဲ့က ဒီ ရဲ အရာရှိ ကို တရား မစွဲဖို့ ဆုံးဖြတ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ