ယူကရိန်း အရှေ့ပိုင်း ကျောက်မီးသွေးတွင်း ပေါက်ကွဲ

ဓာတ်ပုံ မူပိုင် AP
Image caption မိုင်းတွင်းရှေ့မှာ အလုပ်သမားတွေရဲ့ ဆွေမျိုးတွေ စုရုံး စောင့်ဆိုင်းနေ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒွန်ညက်စ် ဒေသေမှာ ကျောက်မီးသွေးတွင်း တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ခဲ့လို့ မိုင်းတူးသမား ၃၀ ကျော် သေဆုံးတယ်လို့ ယူဆရကြောင်း ယူကရိန်း သူပုန်တွေက ဘီဘီစီကို ပြောပါတယ်။

အခုချိန် အထိ အလောင်း ၁ လောင်းသာ ပြန်ရသေးပြီး ၁၄ ယောက် ဒဏ်ရာ ရတယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှု ဟာ မနက်စောစောမှာ ဖြစ်ခဲ့ပြီး ဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့်လို့ ယူဆရပါတယ်။

ခုလို အရေးပေါ် အခြအနေမျိုးကို သူပုန်တွေ ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း ရှိပါ့မလားလို့ မေးခွန်းတွေ ရှိနေတယ်လို့ ဒွန်ညက်စ်က ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ကျောက်မီးသွေးတွင်း နေရာကို ယူကရိန်း ကယ်ဆယ်ရေး အဖွဲ့နဲ့ ရဲတပ်ဖွဲ့ကို ဝင်ရောက်ခွင့် ပေးဖို့ ယူကရိန်း သမ္မတ ပိုရိုရှန်ကိုက သူပုန်တွေကို တောင်းဆို ထားပါတယ်။

အခု ပေါက်ကွဲမှု ဖြစ်တဲ့ Zasyadko ကျောက်မီးသွေးတွင်းဟာ ၂၀၀၇ ခုနှစ် တုန်းကလည်း ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး အဲဒီ အချိန်က အဆိုးရွားဆုံး ဖြစ်ရပ် အဖြစ် လူ ၁၀၀ ကျော် သေဆုံး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ