အာဂျင်တီးနား ရဟတ်ယာဉ်ပျက်မှု စုံစမ်း စစ်ဆေးနေ

ဓာတ်ပုံ မူပိုင် epa
Image caption ရဟတ်ယာဉ် နှစ်စီး ပျံတက်ပြီး မကြာမီမှာ တိုက်မိခဲ့

အာဂျင်တီးနား နိုင်ငံက လူသူ အရောက်နည်းတဲ့ ဒေသ တစ်ခုမှာ ရုပ်သံ အစီအစဉ် ရိုက်ကူးတဲ့ ရဟတ်ယာဉ် နှစ်စင်း တိုက်မိပြီး ပျက်ကျခဲ့လို့ လူ ၁၀ ဦး သေဆုံးခဲ့ပြီး အဲဒီ သေဆုံးသူတွေ ထဲမှာ ပြင်သစ် အားကစား အကျော်အမော် ၃ ဦး ပါဝင်တယ်လို့ ပြင်သစ် သမ္မတရုံးက အတည်ပြုပါတယ်။

ဒီအမှုကို စုံစမ်း စစ်ဆေးဖို့ လူသေစေမှုနဲ့ ပြင်သစ် အစိုးရ ရှေ့နေတွေက အမှုဖွင့် လိုက်ပါတယ်။

အဲဒီ ရဟတ်ယာဉ် နှစ်စီးဟာ နာမည်ကျော်တွေ တောထဲတောင်ထဲ အသက်ရှင် နေထိုင်ဖို့ ကြိုးစားပုံကို ဖော်ပြတဲ့ ရုပ်သံ ဇာတ်လမ်းကို ရိုက်ကူးနေစဉ် ခုလို တစ်စီးနဲ့ တစ်စီး တိုက်မိခဲ့တာ ဖြစ်ပြီး တိုက်မိရတဲ့ အကြောင်းရင်းကိုလည်း စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံကို ဂုဏ်ဆောင် ခဲ့တဲ့ အိုလံပစ် အားကစား ချန်ပီယံ ၃ ဦး သေဆုံးခဲ့တာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပါလို့ ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်းဒ်က ပြောပါတယ်။

နိုင်ငံတကာ အိုလံပစ် ကော်မီတီ အကြီးအကဲ Thomas Bach ကလည်း အခုဖြစ်ရပ်ကြောင့် အိုလံပစ် အားကစား လောက တစ်ခုလုံး ဝမ်းနည်း ကြေကွဲမဆုံး ဖြစ်ရတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ