တိကရစ်မြို့ အရှေ့မြောက်ပိုင်းကို အီရတ် သိမ်းပိုက်နိုင်

ဓာတ်ပုံ မူပိုင် AFP
Image caption တိကရစ်မြို့ အနောက်ပိုင်းနဲ့ တောင်ပိုင်းကိုတော့ ရှေ့တိုးနိုင်ခြင်း မရှိသေး။

အီရတ် နိုင်ငံမှာ IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ လက်ထဲက တိကရစ် မြို့ကို ပြန်လည် သိမ်းယူနိုင်ဖို့ စစ်ဆင်ရေး ဆင်နွှဲနေရာမှာ မြို့ရဲ့ အရှေ့မြောက်ပိုင်း နေရာ အတော်များများကို အစိုးရ တပ်ဖွဲ့တွေ သိမ်းပိုက် နိုင်ခဲ့ပြီလို့ အီရတ် အရာရှိတွေက ပြောပါတယ်။

ရှီအာ လက်နက်ကိုင်တွေနဲ့ အားဖြည့် စစ်ကူထားတဲ့ အီရတ် အစိုးရ တပ်ဖွဲ့တွေဟာ တီကရစ်မြို့ အရှေ့မြောက်ပိုင်း၊ ကာဒီဆီယာ ဒေသက စစ်ဆေးရုံမှာ အီရတ်နိုင်ငံ အလံကို လွှင့်ထူ ခဲ့ကြတယ်လို့ သတင်းတွေ ရရှိပါတယ်။

ဒါပေမယ့် မြို့ရဲ့ တောင်ပိုင်းနဲ့ အနောက်ပိုင်းကိုတော့ ရှေ့ဆက် ချီတက်မှုတွေ မလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။

ဆဒမ် ဟူစိန်ရဲ့ ဇာတိမြို့ ဖြစ်တဲ့ တိကရစ် မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ရေး စစ်ဆင်မှုဟာ IS အဖွဲ့အပေါ် အီရတ် အစိုးရရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေထဲမှာ အကြီးဆုံး စစ်ဆင်ရေး ဖြစ်ပါတယ်။

တပ်ဖွဲ့ဝင် အင်အား ၃ သောင်း ပါဝင်တဲ့ ဒီစစ်ဆင်ရေးမှာ အီရန် အစိုးရကလည်း စစ်ရေး အကြံပေးတွေနဲ့ ကူညီ ပံ့ပိုး ပေးနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ