အီ​ဘို​လာ​ကြောင့် လူ​သောင်းကျော် သေ​ဆုံး​ခဲ့​တယ်​လို့ WHO ပြော

ebol_who ဓာတ်ပုံ မူပိုင် AFP
Image caption အီဘိုလာ ကူးစက်မှု လုံးဝ ရပ်တန့်အောင် ဆောင်ရွက်ရမှာ တွေ ရှိသေးတယ်လို့ WHO သတိပေး။

အနောက် အာဖရိက ဒေသ မှာ နောက်ဆုံး ဖြစ်ပေါ် ခဲ့တဲ့ အီဘိုလာ ဗိုင်းရပ်စ် ကူးစက် ပြန့်နှံ့ ခဲ့မှု ကြောင့် အထိခိုက် အခံရဆုံး နိုင်ငံ တွေ ဖြစ်တဲ့ လိုင်ဘေးရီးယား၊ ဂီနီ နဲ့ ဆီယာလီယွန်း နိုင်ငံ တွေ မှာ လူပေါင်း ၁ သောင်း ကျော် သေဆုံး ခဲ့ရတယ် လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ပြောပါတယ်။

အခုဆိုရင် အီဘိုလာ ကူးစက်မှု ထိန်းချုပ် ရေး ဆောင်ရွက် ချက် တွေဟာ ရလာဒ်ကောင်း တွေ ထွက်ပေါ် နေပြီး အောင်မြင် နေပေမယ့်၊ သမိုင်း မှာ အဆိုးဆုံး ဖြစ်ပေါ် ခဲ့တဲ့ အီဘိုလား ကူးစက် ခံခဲ့ရမှု ကို လုံးဝ ရပ်တန့် ပစ်နိုင်ဖို့ တော့ ထပ်မံ လုပ်ဆောင် ရမှာ တွေ ရှိသေးတယ် ဆိုပြီး တော့လည်း WHO က သတိပေး ပါတယ်။

ဂီနီ နဲ့ ဆီယာလီယွန်း နိုင်ငံ တွေရဲ့ နေရာ တချို့ မှာ အီဘိုလာ ကူးစက်မှု ဆက်လက် ရှိနေဆဲ ဖြစ်ပြီး၊ လိုင်ဘေးရီးယား မှာတော့ အသစ် ကူးစက် ခံရတယ် လို့ မကြားရတာ သီတင်း နှစ်ပတ် ကျော်လာ ပါပြီ။

ဆီယာလီယွန်း မှာ အီဘိုလာ တိုက်ဖျက်ရေး ဆောင်ရွက် ပေးနေရာ က ကိုယ်တိုင် ကူးစက် ခံခဲ့ရ တဲ့ ဗြိတိသျှ စစ်တပ် က ကျန်းမာရေး ဝန်ထမ်း တစ်ဦး တော့ ဆေးကုသ မှု ခံယူ ဖို့ လန်ဒန် ကို ပြန် ရောက်လာပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ