ဖာဂူဆန် ရဲအရာရှိ ပစ်ခတ်မှု သမ္မတအိုဘားမား ရှုတ်ချ

ဓာတ်ပုံ မူပိုင် epa
Image caption ကြာသပတေးနေ့ ဆန္ဒပြပွဲမှာတော့ ဆန္ဒပြသူတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြ

အမေရိကန် ပြည်ထောင်စု၊ မစ်ဇူရမ် ပြည်နယ်ရှိ ဖာဂူဆန်မြို့မှာ ပြစ်မှုကျူးလွန်သူတွေအတွက် ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိဘူးလို့ အမေရိကန်သမ္မတ ဘာရက် အိုဘားမားက ပြောဆိုလိုက်ပါတယ်။

ဖာဂူဆန်မြို့မှာ ဗုဒ္ဓဟူးနေ့ညက ရဲအရာရှိ ၂ ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီးတဲ့နောက် အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေအနေနဲ့ မကျေနပ်ချက်တွေ ရှိတာ သဘာဝကျပေမယ့် သေနပ်သမားတွေကိုတော့ ဥပဒေချိုးဖောက်သူအဖြစ် ဖမ်းဆီးရမှာဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

ဖာဂူဆန်မြို့ ရဲတပ်ဖွဲ့ အကြီးအကဲ ရာထူးကနေ နှုတ်ထွက်ကြောင်း ကြေညာခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ ညနေပိုင်း ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ချိန်အတွင်း ရဲအရာရှိ ၂ ဦး သေနတ်ပစ်ခံရတာ ဖြစ်ပါတယ်။

ကြာသပတေးနေ့ ဆန္ဒပြပွဲမှာတော့ ဆန္ဒပြသူတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပြီး သေနတ်ပစ်ခံရတဲ့ ရဲအရာရှိ ၂ ဦးကတော့ ဆေးရုံက ဆင်းသွားခဲ့ပါပြီ။

လက်နက်မဲ့ လူမည်း လူငယ်တဦးဖြစ်တဲ့ Michael Brown ကို လူဖြူရဲအရာရှိတဦးက မနှစ်က သေနတ်နဲ့ အသေပစ်ခတ်ခဲ့တဲ့အတွက် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တဲ့အနက် အခုလို ဆန္ဒပြပွဲတွေ နောက်ထပ် ဖြစ်ပေါ်နေတာပါ။

အမေရိကန် တရားရေး ဝန်ကြီးဌာနက ဖာဂူဆန်ရဲတပ်ဖွဲ့ဟာ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေ ရှိတယ်လို့ အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး သီတင်းတပတ်အကြာမှာ Ferguson မြို့ ရဲတပ်ဖွဲ့ အကြီးအကဲ Thomas Jackson ဟာ ရာထူးက နှုတ်ထွက်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ