ပါ​လက်စ​တိုင်း​ပြည်​သစ် မပေါ်​ရ​စေ​ဘူး​လို့ အစ္စရေး​ဝန်ကြီး​ချုပ် မဲဆွယ်

benjamin_netanyahu_likud_ ဓာတ်ပုံ မူပိုင် Reuters
Image caption လူကြိုက်များမှု စစ်တမ်း အရ မစ္စတာ နာတန်ယာဟု ရဲ့ လီကွတ်ပါတီက အတိုက်အခံတွေ ရဲ့ ဇီယွန်ဝါဒီ သမဂ္ဂ ရဲ့ နောက်မှာ ရောက် နေပါတယ်။

အစ္စရေး ဝန်ကြီးချုပ် နာတန်ယာဟု က သူ့ အာဏာ ရှိနေသ၍ ပါလက်စတိုင်း တိုင်းပြည် ဆိုတာ ပေါ်ထွန်း မလာ ရစေဘူး ဆိုပြီး ရွေးကောက်ပွဲ အကြို တစ်ရက်မှာ ပဲ ပြောလိုက် ပါတယ်။

အစ္စရေး ရွေးကောက်ပွဲ အကြို သဘောထား စစ်တမ်းတွေ မှာ ဘယ်ပါတီ ကို မဲထည့် ရမယ် လို့ မဆုံးဖြတ် ရသူ တွေ များနေတယ် လို့ ဖော်ပြ နေပြီး မစ္စတာ နာတန်ယာဟု ရဲ့ အခုလို ပြောဆိုချက် ဟာ သူ့ရဲ့ လီကွတ် ပါတီ အပေါ် သဘောထား တင်းမာသူ တွေ ရဲ့ မဲတွေ ရရှိ လာအောင် ကြိုးစားမှု တစ်ရပ် ပဲ ဖြစ်ပါတယ်။

ကြိုတင် စစ်တမ်းတွေ အရ လီကွတ်ပါတီ ဟာ အတိုက်အခံ တပ်ပေါင်းစု ဗဟိုလက်ဝဲ တွေ ဖြစ်တဲ့ ဇီယွန်ဝါဒီ များ သမဂ္ဂ ရဲ့ နောက် ကပ်ရက် မှာ ရှိနေ ပါတယ်။

အတိုက်အခံ တပ်ပေါင်းစု ရဲ့ ပူးတွဲ ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ Yitzhak Herzog ကတော့ အစ္စရေး ပြည်တွင်း မှာ မညီမညွတ် ဖြစ်နေခဲ့ တဲ့ ကာလဟာ တာရှည် နေပြီ ဖြစ်ပြီး သူ့အနေ နဲ့ ပြန်လည် ညီညွတ်မှု ရအောင် စုစည်း ပေးမယ် လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ