၁၀ ရက်ကြာ ပျောက်နေတဲ့ ပူတင် လူရှေ့ ပြန်ပေါ်လာ

ဓာတ်ပုံ မူပိုင် AP
Image caption ၁၀ ရက်ကြာ ပူတင် ပျောက်နေမှုနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေး။

လူမြင်ကွင်း ကနေ ၁၀ ရက်ကြာ ပျောက်နေ ခဲ့တဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပထမဆုံး အကြိမ် လူရှေ့ ပြန်ပေါ် လာပြီးနောက် သူ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး မှန်းဆချက်တွေ ထွက်ပေါ် ခဲ့တာကို အရေးမထားဘဲ ဟာသလုပ် ပြောဆို ခဲ့ပါတယ်။

အတင်းအဖျင်း တွေသာ မရှိရင် ဘဝက ပျင်းစရာ ကောင်းလိမ့်မယ် လို့ သမ္မတ ပူတင်က စိန့်ပီတာစ်ဘာ့ဂ် မြို့မှာ ကာဂျစ်စတန် သမ္မတနဲ့ တွေ့ဆုံစဉ် ပြောခဲ့ပါတယ်။

၆၂ နှစ် အရွယ် သမ္မတ ပူတင်ကို ရုပ်သံ ပုံရိပ်တွေ ထဲမှာ ပြုံးရွှင်တဲ့ အမူအရာနဲ့ မြင်ရ ပါတယ်။

မတ်လ ၅ ရက်နေ့ ကတည်းက အစီအစဉ် အတော်များများကို ဖျက်ခဲ့ပြီး လူမြင်ကွင်း ကနေ ပျောက်နေ ခဲ့တဲ့ မစ္စတာ ပူတင်နဲ့ ပတ်သက်ပြီး နေမကောင်းတာ၊ ကွယ်လွန်တာ၊ အာဏာသိမ်း ခံရပြီး အဖမ်းခံရတာ စတဲ့ ထင်ကြေး အမျိုးမျိုး ထွက်ပေါ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ