အဲအေးရှား လေယာဉ်ပျက်မှု၊ အလောင်း ရှာဖွေမှု ရပ်ဆိုင်း

ဓာတ်ပုံ မူပိုင် AFP
Image caption လေယာဉ် အစိတ်အပိုင်းတွေ အားလုံးကို ဆယ်ယူနိုင်ပြီးဖြစ်။

ဂျာဗား ပင်လယ်မှာ အဲအေးရှား လေယာဉ် ပျက်ကျခဲ့ပြီးနောက် ကျန်နေသေးတဲ့ အလောင်းတွေ ရှာဖွေနေမှုကို ဒီကနေ့ အင်္ဂါနေ့ညမှာ ရပ်ဆိုင်း လိုက်ပြီလို့ အင်ဒိုနီးရှား ရှာဖွေရေး အဖွဲ့က အတည်ပြု ပြောကြားပါတယ်။

အဲအေးရှား လေကြောင်းပိုင် QZ 8501 လေယာဉ်ဟာ လူ ၁၆၂ ဦး တင်ဆောင်ပြီး ဒီဇင်ဘာ ၂၈ ရက်က အင်ဒိုနီးရှား နိုင်ငံ ဆူရာဘာယာ ကနေ စင်ကာပူကို ပျံသန်းစဉ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

အခုချိန်အထိ ၁၀၆ ဦးရဲ့ အလောင်းတွေကို ရှာတွေ့ခဲ့ပြီး ၅၆ ဦးကတော့ ပျောက်ဆုံး နေဆဲ ဖြစ်ပါတယ်။

အခုလို ရှာဖွေမှုတွေ ရပ်ဆိုင်း လိုက်တာကို အလောင်း ပြန်မတွေ့သေးတဲ့ မိသားစုဝင် အချို့ကတော့ မကျေနပ်ကြ ပါဘူး။

လေယာဉ်ရဲ့ ကိုယ်ထည်ကို ဇန်နဝါရီ လလယ်ပိုင်းမှာ ရှာတွေ့ ခဲ့ပြီး ဖေဖော်ဝါရီ လကုန်ပိုင်းမှာ အစိတ်အပိုင်း တွေကို အပြီးသတ် ဆယ်ယူ နိုင်ခဲ့ပါတယ်။

လေယာဉ်ဟာ မုန်တိုင်းကို ရှောင်ရှားဖို့ အမြင့်ကို ပျံတက်စဉ် မထိန်းနိုင်ဘဲ ပျက်ကျ ခဲ့တာလို့ ယူဆ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ