ဗန်နူအာတူ ကျွန်းသားတွေ ဆားငန်ရေ သောက်နေရ

ဓာတ်ပုံ မူပိုင် AFP
Image caption လူတွေ သောင်းနဲ့ချီပြီး အမိုးအကာနဲ့ အစားအစာ လိုအပ်နေ

ဗန်နူအာတူ နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ် အကုန်က ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရပြီးနောက် နိုင်ငံ အနောက်မြောက်ဘက် ကျွန်းတစ်ကျွန်း ပေါ်က လူတွေဟာ အန္တရာယ်ရှိတဲ့ ဆားငန်ရေ တွေကို သောက်နေ ကြရတယ်လို့ ဘီဘီစီက စုံစမ်း သိရှိရပါတယ်။

မိုဆို ကျွန်းပေါ်က နေထိုင်သူတွေဟာ သူတို့ရဲ့ စိုက်ခင်းတွေ ပျက်စီးကုန်တဲ့ အတွက် သောက်သုံးရေနဲ့ အတူ အစားအစာပါ ပြတ်လပ်နေပြီး ပြင်ပက ရောက်လာမယ့် အကူအညီ တွေကို စောင့်မျှော် နေရပါတယ်။

အကူအညီ ပေးရေး အဖွဲ့တွေက နိုင်ငံ အနှံ့က ကျွန်းငယ်တွေဆီ သွားရောက်ဖို့ ကြိုးစား ကြပေမယ့် ရေလွှမ်းမိုးမှုကြောင့် တချို့နေရာတွေမှာ လေယာဉ်တွေ ဆင်းလို့ မရဘူးလို့ ဆိုပါတယ်။

အရင်က စိမ်းလန်း စိုပြေ နေလေ့ ရှိတဲ့ ရှုခင်းတွေဟာ အခုတော့ တောမီး လောင်ထားသလို ဖြစ်သွားပြီလို့ လေယာဉ်မှူး တစ်ယောက်က ပြောပါတယ်။

သောက်သုံးရေ ပြတ်လပ်မှုနဲ့ အတူ သောင်းနဲ့ ချီတဲ့ လူတွေအတွက် အမိုးအကာနဲ့ အစားအစာတွေ လိုအပ် နေတယ်လို့ အရာရှိတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ