တူနီးရှား နိုင်ငံ ဘာဒို ပြတိုက် ပြန်ဖွင့်တော့မည်

ဥရောပက ကမ္ဘာလှည့် ခရီးသည် အများစု အပါအဝင် ၂၃ ယောက် သေဆုံး ခဲ့ရတဲ့ တိုက်ခိုက်မှုအပြီး တူနီးရှားနိုင်ငံ တူးနစ်မြို့တော်က ဘာဒိုပြတိုက်ကို တပါတ်အတွင်း ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

သေနတ်သမားတွေရဲ့ ရည်ရွယ်ချက် မအောင်မြင်ဘူးဆိုတာ ကမ္ဘာကသိအောင် ပြသချင်တာ ဖြစ်တယ်လို့ ပြတိုက်အရာရှိတွေက ပြောပါတယ်။

IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် တူနီးရှားရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို ထိခိုက်လိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်းလာနေ့က ရဲဌာန အကြီးအကဲ ၆ ယောက်ကို တူနီးရှား ဝန်ကြီးချုပ် Habib Essid က ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လုံခြုံရေး ကင်မရာထဲမှာ သေနတ်သမား ၂ ယောက်ကို မြင်ရ

တိုက်ခိုက်သူ သေနတ်သမား ၂ ဦးကို အသေဖမ်းမိခဲ့ပြီး တတိယမြောက် သေနတ်သမားကတော့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ