တွဲဖက်လေယာဉ်မှူး ရဲ့ နောက်ကြောင်း ခြေရာခံ

_andreas_lubitz_ ဓာတ်ပုံ မူပိုင် Twitter
Image caption တွဲဖက်လေယာဉ်မှူး Andreas Lubitz

Germanwings တွဲဖက် လေယာဉ်မှူး အဲန်ဒရက်စ် လူးဘစ် ဟာ လေယာဉ် ကိုတမင် ပျက်ကျအောင် ပြုလုပ်ခဲ့တယ် လို့ ပြင်သစ် အစိုးရရှေ့နေ က အသံမှတ်တမ်းတင် ကိရိယာ က အချက်အလက် ကို ကိုးကားပြောခဲ့ ပေမဲ့ ဂျာမန် ပြည်ထဲရေး ဝန်ကြီး တောမတ်စ် ဒါမယ်ဂျဲ ကတော့ သူ့ နောက်ကြောင်း ကို လိုက်လံ စုံစမ်းတဲ့ အခါမှာ အကြမ်းဖက်သမား တွေ နဲ့ အဆက်အစပ်ရှိတဲ့ အထောက်အထား မတွေ့ရ ကြောင်း ပြောပါတယ်။

ပြင်သစ် အာဏာပိုင်တွေ ကို အသိပေးလိုတာက ဂျာမန် ထောက်လှမ်းရေး နဲ့ ရဲမှတ်တမ်း တွေ အရ တွဲဖက် လေယာဉ်မှူး မှာ မသင်္ကာ ဖွယ်ရာ အကြမ်းဖက် အုပ်စု နဲ့ ဆက်သွယ်မှု ရှိတဲ့ အချက် မတွေ့ရတဲ့ အကြောင်း၊ လွဖ်သန်းဇား လေကြောင်း လိုင်း ကလည်း လုံခြုံရေး ဆိုင်ရာ စစ်ဆေးမှု တွေ အမြဲလုပ်တဲ့ အကြောင်း ပြောတာ ကို ရှင်းပြသွားတာပါ။

မစ္စတာ လူးဘစ် ရဲ့ အိမ်နီးချင်း တွေ ကလည်း၊ ဒီသတင်းကြားရတဲ့ အခါမှာ ဘယ်လိုမှ မယုံနိုင်တဲ့ အကြောင်း၊ သူဟာ အေးဆေးငြိမ်သက်သူ ဖြစ်ပေမဲ့ ဖေါ်ရွေ သူဖြစ်ကြောင်း ပြောကြပါတယ်။

လွဖ်သန်းဇား မှ အမှုဆောင် အရာရှိချုပ် ကာစတင် ရှပေါ ကလည်း၊ မစ္စတာ လူးဘစ် ဟာ ၂၀၀၈ ခုနှစ် ကတွဲဖက် လေယာဉ်မှူး သင်တန်း တက်ခဲ့ပြီး ၂၀၁၃ ခုကမှ အလုပ်စဝင်တဲ့ အကြောင်း၊ ဒီကြားထဲမှာ သူ့ကျန်းမာရေး၊ နဲ့ ကျွမ်းကျင်မှု ဆိုင်ရာ အပိုင်း အထပ်ထပ် စစ်ဆေးပြီးမှ လေယာဉ်မောင်းခွင့် ပြုခဲ့တာ ကို ရှင်းပြပါတယ်။

ဒါကြောင့်မို့ မစ္စတာ လူးဘစ် ရဲ့ အပြုအမူဟာ အခုအခြေအနေ အရ နားလည်ရ ခက်တဲ့ ပဟေဠိ အသွင်ဆောင်နေတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် တွေ က ပြောပါတယ်။