ဘင်္ဂလားဒေ့ရှ်မှာ ဟိန္ဒူ အချို့ လူပိ သေဆုံး

ဓာတ်ပုံ မူပိုင် AP
Image caption ရေချိုးဆိပ်ကို ဆင်းတဲ့ လမ်းကျဉ်းမှာ အနည်းဆုံး ၁၀ ဦး လူပိ သေဆုံး။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဒါကာမြို့ တောင်ပိုင်းက ဟိန္ဒူ ရေချိုးပွဲတော် တစ်ခုမှာ လူတွေ အချင်းချင်း ပိမိပြီး အနည်းဆုံး ၁၀ ဦး သေဆုံး သွားတယ်လို့ ရဲတွေက ပြောပါတယ်။

Astami Snan ပွဲတော် အတွင်း ဗြဟ္မပုတြ မြစ်မှာ ရေချိုးဖို့ သောင်းနဲ့ချီတဲ့ လူတွေ စုဝေး ရောက်ရှိစဉ် မြစ်ဆိပ်ကို ဆင်းတဲ့ လမ်းကျဉ်း တစ်ခုမှာ လူတွေ ပိမိခဲ့ကြတာ ဖြစ်ပါတယ်။

သေဆုံး သူတွေထဲက ၇ ဦးဟာ အမျိုးသမီးတွေ ဖြစ်ပြီး တခြား လူ တစ်ရာကျော် ဒဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။

ဗြဟ္မပုတြ မြစ်မှာ ရေချိုးဖို့အတွက် ဒီဒေသကို ဘင်္ဂလားဒေ့ရှ်နဲ့ အိမ်နီးချင်း နိုင်ငံတွေက သန်းနဲ့ချီတဲ့ ဟိန္ဒူတွေ နှစ်စဉ် လာရောက်လေ့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ