ဘိုကိုဟာရမ် ဌာနချုပ်မြို့ နိုင်ဂျီးရီးယား ပြန်သိမ်းနိုင်

Image caption ဂွါအိုဇာ မြို့ကို ပြန်သိမ်း နိုင်ပြီးနောက် နိုင်ဂျီးရီးယား တပ်ဖွဲ့တွေ အောင်ပွဲခံ။

နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဘိုကိုဟာရမ် အစ္စလမ္မစ် လက်နက်ကိုင် အဖွဲ့ရဲ့ ဌာနချုပ် မြို့လို့ ယုံကြည်ရတဲ့ ဂွါအိုဇာ Gwoza မြို့ကို အစိုးရ စစ်တပ်က ပြန်လည် သိမ်းပိုက် လိုက်နိုင်ပြီလို့ ပြောပါတယ်။

ကမ်မရွန်း နိုင်ငံနဲ့ ကပ်ရက် နယ်စပ်နဲ့ သိပ်မဝေးတဲ့ ဘော်နို ပြည်နယ်ထဲက အဲဒီ ဂွာအိုဇာမြို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့စဉ် အတွင်း ဘိုကို ဟာရမ် စစ်သွေးကြွ အများအပြား သေဆုံးခဲ့တယ်လို့ အစိုးရ စစ်တပ်က ပြောပါတယ်။

ဂွာအိုဇာ မြို့ဟာ ဘိုကိုဟာရမ် အဖွဲ့ သိမ်းထားတဲ့ အဓိက မြို့ကြီးတွေ ထဲမှာ နောက်ဆုံး ကျန်တဲ့ မြို့ ဖြစ်ပြီး၊ ဘိုကိုဟာရမ်တွေ အရင်က သိမ်းပိုက် ထားခဲ့တဲ့ နေရာ အားလုံးကို အခု ပြန်လည် သိမ်းပိုက် နိုင်ခဲ့ပြီလို့ နိုင်ဂျီးရီးယား စစ်တပ်က ပြောပါတယ်။

အဲဒီနေရာဟာ မနှစ်က ဧပြီလမှာ ချီဘော့ခ် မြို့ကနေ ပြန်ပေးဆွဲ သွားတဲ့ ကျောင်းသူ ၂ရာကျော်ကို ထိန်းသိမ်းထားတဲ့ နေရာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေဆီက လာတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေက ဆိုပါတယ်။

နိုင်ဂျီးရီးယားမှာ အစ္စလာမ္မစ် နိုင်ငံ ထူထောင်ဖို့ ကြိုးစားတဲ့ ဘိုကိုဟာရမ် အဖွဲ့ရဲ့ အကြမ်းဖက်မှုတွေကြောင့် ၂၀၀၉ ခုနှစ် နောက်ပိုင်း လူ ထောင်နဲ့ချီ သေဆုံး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ