ဂျာမန် လေယာဉ်မှူး အကြောင်း ရည်းစားဟောင်း ဖွင့်ချ

Lubitz ဓာတ်ပုံ မူပိုင် AFP
Image caption Lubitz က လူတိုင်းသူ့ကို သိစေလိုသူလို့ ဆို

ပျက်ကျသွားတဲ့ ဂျာမန်လေယာဉ် က လေယာဉ်မှူး Andreas Lubitz ဟာ လူတိုင်း သူ့ကိုမှတ်မိအောင် လုပ်လိုသူ ဖြစ်တယ်လို့ သူ့ရည်းစားဟောင်းက ပြောကြောင်း ဂျာမန် သတင်းစာ တွေက ရေး ပါတယ်။

လူးဘစ်ဟာ စိတ် အပြောင်းအလဲ မြန်ပြီး ကြမ်းတမ်းတဲ့ စရိုက် လက္ခဏာ ရှိသူလို့ သူ့ရဲ့ ရည်းစားဟောင်း လေယာဉ် မယ် က Bild သတင်းစာ ကို ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

သူ့စိတ်ထား ကို လူကြားထဲမှာ မမြင်အောင် ထိန်းတတ်တဲ့ သူဖြစ်ပေမယ့် လည်း လူးဘစ်ဟာ တခါတလေ ည အိပ်ရင်း ပျက်ကျ သွားပြီ လို့ ထအော်တတ် တယ် လို့ သူ့ ရည်းစား ဟောင်း က ပြောပါတယ်။

တကမ္ဘာလုံးက သူ့နာမည်ကို သိပြီး မှတ်မိ နေရမယ် လို့ တနှစ်လောက်က လူးဘစ်က ဒီအမျိုးသမီးကို ခဏခဏ ပြော ခဲ့ကြောင်း ၊ အဲဒိ တုန်းက နားမလည် ခဲ့ပေမယ့် ခုသတင်းတွေ ကြားမှ ဘာပြောချင်တယ် ဆိုတာ သူသိခဲ့ရတယ် လို့ သူ့ ရည်းစားဟောင်းက ပြောကြောင်း Bild သတင်းစာ သတင်းထောက် က ပြောပါတယ်။

လူးဘစ်ဟာ သူ့စိတ်ရောဂါကို ဆရာဝန်နဲ့ ကုနေပေမယ့် လည်း ဒီရောဂါကြောင့် လေယာဉ်မှူး မဖြစ်မှာ ကို အင်မတန် စိုးရိမ်တဲ့သူ ဖြစ်တယ် လို့ သူ့ ရည်းစားဟောင်းက ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ