နိုင်ဂျီးရီးယား ရွေးကောက်ပွဲ စတင်

nigeria
Image caption မဲစာရင်း ကတ်တွေ စက်နဲ့ ဖတ်မရလို့ နှောင့်နှေး

ဒီကနေ့ ကျင်းပတဲ့ နိုင်ဂျီးရီးယား သမ္မတ ရွေးကောက်ပွဲ မှာ စက်ပိုင်း ချို့ယွင်းမှု တွေနဲ့ အတူ ဆူပူ တိုက်ခိုက်မှု တွေ ရှိခဲ့တယ်လို့ သတင်း ရရှိ ပါတယ်။

မဲစာရင်း ကတ်တွေ စက်နဲ့ ဖတ်မရလို့ နှောင့်နှေးမှုတွေ ရှိခဲ့ကြောင်း ဘီဘီစီ နိုင်ဂျီးရီးယား သတင်းထောက် က ပေးပို့ ပါတယ်။

အဘူဂျာမှာ မဲပေးဖို့ စောင့်ခဲ့ရတဲ့ မဲဆန္ဒရှင် တယောက်က တော့ မနက် ၈ နာရီမှာ စမယ် ဆိုလို့ ၇ နာရီ ထဲက လာစောင့်ရတာ ဘာမှ မတွေ့သေးဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ စောင့်ပြီး မဲပေးဖြစ်အောင် ပေးမယ် လို့ ပြောပါတယ်။

နိုင်ဂျီးရီးယား အရှေ့တောင်ပိုင်းက Enugu မြို့မှာ မဲရုံ ခဲ ဗုံးပစ်သွင်း ခံခဲ့ရပေမယ့် ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

နိုင်ငံ တဝှမ်း မဲရုံ တွေကို လိုက်ပြီး စောင့်ကြည့် လေ့လာသူ တွေကို အစိုးရ ပါတီ အရာရှိ တွေနဲ့ ဒေသခံ လူငယ် တွေနဲ့ လိုက် နှောင့်ယှက်လို့ ထွက်ပြေး ကြရပါတယ်။

လက်ရှိ သမ္မတ ဂွတ်လပ် ဂျော်နသန် ကို စစ် အာဏာရှင်ဟောင်း Muhammadu Buhari က အကြီးအကျယ် စိန်ခေါ်နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ