သန်း​နဲ့​ချီ​တဲ့ နိုင်​ဂျီး​ရီး​ယား​ပြည်​သူ​တွေ ဆန္ဒ​မဲ ပေး

nigeria_elections ဓာတ်ပုံ မူပိုင်
Image caption လုံခြုံရေး စိုးရိမ်မှု တွေ ကြောင့် နိုင်ဂျီးရီးယား ရွေးကောက်ပွဲ ကျင်းပဖို့ ကြန့်ကြာ နေခဲ့ ရပါတယ်။

နိုင်ဂျီးရီးယား နိုင်ငံ ရဲ့ နှောင့်နှေး နေခဲ့ရ တဲ့ ရွေးကောက်ပွဲ ကို မနေ့ က ကျင်းပ ခဲ့တာ မှာ သန်းပေါင်း များစွာ သော နိုင်ဂျီးရီးယား ပြည်သူ တွေ ဆန္ဒမဲ တွေ ပေး ခဲ့ကြ ပြီး ဖြစ်ပါတယ်။

မနေ့ က ရွေးကောက်ပွဲ အတွင်း မှာ နည်းပညာ ပိုင်း ဆိုင်ရာ ချို့ယွင်း မှု ကြောင့် ကြန့်ကြာ မှု တချို့ ဖြစ်ခဲ့ ရသလို၊ နိုင်ငံ ရဲ့ အရှေ့မြောက် ပိုင်း ဒေသ မှာလည်း အကြမ်းဖက် မှု တွေ ဖြစ်ပေါ် ခဲ့ပါတယ်။

ဂေါ်မ် ဘေး ပြည်နယ် မှာ ဘိုကိုဟာရမ် တွေလို့ ယူဆရ တဲ့ လက်နက်ကိုင် တွေ ရဲ့ တိုက်ခိုက်မှု တွေ ကြောင့် အနည်းဆုံး လူ ၂၀ သေဆုံး ခဲ့ရပါ တယ်။

မဲဆန္ဒရှင် တွေ ရဲ့ သက်သေခံ ကတ်ပြား တွေ ကို စစ်ဆေးတဲ့ စက်တွေ ချို့ ယွင်း မှု ကြောင့် လည်း နိုင်ဂျီးရီးယား ရွေး ကောက်ပွဲ ကော်မရှင် က တချို့ မဲ ဆန္ဒ ရုံ တွေ မှာ မဲ ပေး တာ ကို ယာယီ ရပ်ဆိုင်း ခဲ့ပါ တယ်။

ဒါပေမယ့် အဲဒီ့ ရုံတွေ မှာ တနင်္ဂနွေ နေ့ မှာပဲ ပြန်ပြီး မဲပေး တဲ့ လုပ်ငန်းစဉ် ပြန်စမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

ဘိုကိုဟာရမ် တွေ ရဲ့ ထကြွမှု ကြောင့် ဖေဖေါ်ဝါရီ လ မှာ ကျင်းပ ဖို့ စီစဉ် ထားခဲ့ တဲ့ နိုင်ဂျီးရီးယား ရွေးကောက်ပွဲ ကို အခုလို မတ်လ အကုန် ပိုင်းကျမှ ကျင်းပ လာနိုင် တာ ဖြစ်ပါတယ်။

တခါ၊ နိုင်ဂျီးရီးယား နိုင်ငံ မြောက်ပိုင်း ဘော်နို ပြည်နယ် ထဲက Buratai ကျေးရွာ ကို ပြီးခဲ့ သောကြာနေ့ က ဘိုကိုဟာရမ် အဖွဲ့ ကလို့ ယူဆရ သူတွေ တိုက်ခိုက်ခဲ့ပြီး လူ ၂၀ ကျော် ကို အစုလိုက် အပြုံ လိုက် ခေါင်းဖြတ် သတ် ခဲ့တယ် ဆို တဲ့ သတင်း တွေ လည်း အခု ထွက် ပေါ် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ