ဘင်္ဂလားဒေ့ရှ်မှာ ဘလော့ဂါ နောက်တစ်ဦး အသတ်ခံရ

ဓာတ်ပုံ မူပိုင် AFP
Image caption အစ္စလာမ် ဘာသာရေးကျောင်းက ကျောင်းသား ၂ ယောက်ကို ဖမ်းဆီးထား

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဒါကာ မြို့မှာ လွန်ခဲ့တဲ့ တစ်လက ဘာသာမဲ့ ဘလော့ဂါ တစ်ဦး ဓားနဲ့ ခုတ်သတ် ခံရမှု ဖြစ်ပွားခဲ့ ပြီးနောက် အခုအခါ နောက်ထပ် ဘလော့ဂါ တစ်ဦးလည်း ဓားနဲ့ ခုတ်သတ်တာ ထပ်မံ ခံခဲ့ရပါတယ်။

Washiqur Rahman ဆိုသူဟာ ဒါကာမြို့က သူ့ရဲ့ နေအိမ် အနီးမှာ တိုက်ခိုက် သတ်ဖြတ် ခံရတာ ဖြစ်တယ်လို့ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။

သူဟာ ယုတ္တိ မတန်တဲ့ ဘာသာရေး ယုံကြည်မှုတွေ အပေါ် ဝေဖန် ရေးသားလေ့ ရှိသူ ဖြစ်တယ်လို့ ဒါကာ မြို့ထုတ် သတင်းစာ တစ်စောင် အရ သိရပါတယ်။

မစ္စတာ Rahman သတ်ဖြတ် ခံရမှုနဲ့ ပတ်သက်တယ်လို့ သံသယ ရှိသူတွေ အဖြစ် အစ္စလာမ် ဘာသာရေး ကျောင်းက ကျောင်းသား ၂ ယောက်ကို ဖမ်းဆီး ထားပါတယ်။

ပြီးခဲ့တဲ့ လကလည်း အမေရိကန် အခြေစိုက် ဘလော့ဂါ တစ်ဦး ဖြစ်တဲ့ Avijit Roy ဆိုသူ ဒါကာမြို့ကို လာရောက်စဉ် ဓားနဲ့ ခုတ်သတ်တာ ခံခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ