တရုတ် ပေါ်လစ်ဗျူရို အဖွဲ့ဝင် တဦးကို စွဲချက်တင်

ဓာတ်ပုံ မူပိုင် Reuters
Image caption ပေါလစ်ဗြူရို အဖွဲ့ဝင် တဦး ဖြစ်ပြီး၊ ပြည်တွင်း လုံခြုံရေး အဖွဲ့ရဲ့ အကြီး အကဲ လည်း ဖြစ်

တရုတ် နိုင်ငံမှာ သြဇာ အာဏာ အကြီးဆုံး သူတွေ ထဲကသူ တဦး ဖြစ်တဲ့ ဂျုံယုံခမ်း ကို အာဏာ အလွဲ သုံးစား လုပ်မှု နိုင်ငံတော် လှို့ဝှက် အချက် အလက်တွေ ပေါက်ကြား မှု၊ လာဘ်လာဘ ယူမှု တွေနဲ့ စွဲချက် တင်လိုက် ပြီ ဖြစ်ပါတယ်။

ဂျုံယုံခမ်း ဟာ ၂၀၁၂ မတိုင်ခင် အထိတော့ ပေါ်လစ်ဗျူရို အဖွဲ့ဝင် ၉ ဦးထဲက တဦး ဖြစ်ပြီး၊ အဲဒီတုန်းက သူဟာ ပြည်တွင်း လုံခြုံရေး လုပ်ငန်း အဖွဲ့ရဲ့ အကြီး အကဲ လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်မှာတော့ သူဟာ တရုတ်ပြည် ကွန်မြူနစ် ပါတီ ကနေ အထုတ်ခံ ရပြီး နောက် အဖမ်း ခံခဲ့ရ တာပါ။

သူ့ကို ဘယ်တော့ ရုံးထုတ်မယ် ဆိုတာ ကိုတော့ မထုတ်ပြောသေးပါဘူး။ ဒါပေမယ့် ဘီဘီစီ သတင်းထောက် ပြောတာ ကတော့ ဒီအမှုကို တရုတ် အစိုးရ အနေနဲ့ အရေး အကြီးဆုံး အမှု တခု အဖြစ် စဉ်းစား ဆောင်ရွက်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

တရုတ် သမ္မတ ရှီဂျင်ပင်း ဟာ အကတိ လိုက်စားမှု တိုက်ဖျက်ရေးကို ဦးစားပေး ဆောင်ရွက် နေရာမှာ ဝေဖန် သူတွေရဲ့ အဆို အရ ကတော့ လွတ်လပ်တဲ့ တရားရေး အဖွဲ့နဲ့ လွတ်လပ်တဲ့ မီဒီယာ မရှိ သ၍၊ ဒီအကတိ လိုက်စားမှု တိုက်ဖျက်ရေး ဆိုတာဟာ နိုင်ငံရေး ကစားဖို့ လက်နက် တခု အနေနဲ့ အသုံးပြုလို့ ရနေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။