သမ္မတအိုဘားမားက ကျူးဘားနဲ့ဆက်သွယ်မှု ပြန်ပြု

_obama_raul_castro_us_cuba_ ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတအိုဘားမား နဲ့သမ္မတ ရာဦးကက်စတရို

မြောက်အမေရိက၊ ဗဟိုအမေရိက နဲ့ တောင်အမေရိက ၃၅ နိုင်ငံ မှ နိုင်ငံ့ခေါင်းဆောင်တွေ ဟာ ပနားမားနိုင်ငံ ပနားမားစီးတီး မှာ အမေရိကတိုက်များ ထိပ်သီး ညီလာခံ အတွက် ရောက်ရှိနေကြပါပြီ။ အမေရိကန် သမ္မတ အိုဘားမားလည်း ညီလာခံ ဒုတိယ နေ့ ကနေ့ စနေနေ့ မှာ ကျူးဘား သမ္မတ ရာဦး ကက်စတရို နဲ့ တရားဝင် ပထမဆုံး အကြိမ် တွေ့ကြမှာပါ။ ဒီကနေမှ တဆင့် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း က နှစ်နိုင်ငံ ကြေညာ ခဲ့တဲ့ သံတမန် ဆက်ဆံရေး ကို ပြန်လည် ဆက်သွယ်ကြဖို့ ရှိပါတယ်။

အမေရိကန်ဘက် က ကျူးဘား အပေါ် ချမှတ်ထားတဲ့ နှစ် ၅၀ ကျော် စီးပွားရေး ပိတ်ဆို့မှု ကိုလည်း ပြန်လည်ဖွင့် ပေးဖို့ ရှိပါတယ်။ ဒါကို သမ္မတ အိုဘားမား က ဂျမေကာ မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ တာက အမေရိကန် အနေနဲ့ ကျူးဘား နဲ့ ဆက်ဆံရေးကို ကဏ္ဍ အသစ် စတင်ဖွင့်လှစ် လိုက်ပါပြီ။ အဲဒီအတွက် ကျူးဘားနိုင်ငံသားတွေ ရဲ့ ဘဝ ကို တိုးတက်မြင့်မား စေတဲ့ အခင်းအကျင်း ကိုလည်း ဖန်တီးလိုက်နိုင်ပြီ လို့ မျှော်လင့် ကြောင်း၊ အမေရိကန် ဘက် က ပိတ်ဆို့ ဒဏ်ခတ် ခြင်းကလည်း ကျူးဘားနိုင်ငံသားတွေ ရဲ့ လိုလားချက် ပြောဆိုမှု တွေ အရ ဖြစ်လာရတာပါ လို့ ပြောတာပါ။

ဒါပေမဲ့ ကျူးဘားလွတ်မြောက်ရေး ဖေါင်ဒေးရှင်း မှ ဦဂူးစတို မွန်ဟေး ကတော့ ဒီလို နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦး တွေ့ဆုံမှု ဟာ အမှားကြီး မှားတဲ့ အကြောင်း စစ်အာဏာရှင် အစိုးရ ဟာ ဒီမိုကရေစီ နိုင်ငံ တွေ ထဲမှာ မရှိသင့်တဲ့ အကြောင်း၊ ဘာကြောင့်လည်း ဆိုရင် ကျူးဘား မှာ လူ့အခွင့်အရေး မရှိသေး သလို လွတ်လပ်တဲ့ ရွေးကောက်ပွဲ တို့ မီဒီယာ လွတ်လပ်ခွင့် တို့ မရှိသေး တဲ့ အတွက် ကျူးဘား အစိုးရ လိုလားနေတဲ့ ပိတ်ဆို့မှု လည်း မရုပ်သိမ်းသင့် သေးပါဘူး လို့ ပြောပါတယ်။