သမ္မတ​ရွေး​ပွဲ မှာ ဝင်​ပြိုင်​မယ်​လို့ ဟီ​လာ​ရီ က​လင်​တန် ကြေညာ

hillary_clinton ဓာတ်ပုံ မူပိုင် bbc
Image caption ၂၀၁၆ သမ္မတ ရွေးပွဲ ကို ဒီမိုကရက်တစ် ပါတီ သမ္မတ လောင်း အနေ နဲ့ ဝင်နိုင် ဖို့ လုပ်ဆောင် မယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဟောင်း ဟီလာရီ ကလင်တန် က ပြော။

ဟီလာရီ ကလင်တန် ဟာ လာမယ့် ၂၀၁၆ အမေရိကန် ပြည်ထောင်စု ရဲ့ သမ္မတ ရွေးကောက်ပွဲ မှာ ဝင်ရောက် ယှဉ်ပြိုင် မယ် ဆိုပြီး ကြေညာ လိုက်ပါ တယ်။

အမေရိကန် သမ္မတ ကတော် ဟောင်းလည်း ဖြစ်၊ ကိုယ်တိုင်လည်း ဆီးနိတ် လွှတ်တော် အမတ် တစ်ဦး အဖြစ် ကနေ နိုင်ငံခြားရေး ဝန်ကြီး တစ်ဦး အဖြစ် ထမ်းဆောင် ခဲ့ဖူး တဲ့ ဟီလာရီ ကလင်တန် ဟာ သူမရဲ့ မဲဆွယ် လှုံဆော် ရေး အင်တာနက် ဝက်ဘ် ဆိုက် ပေါ် တင်လိုက် တဲ့ ဗီဒီယို ကနေ တဆင့် အခု လို ကြေညာ လိုက် တာ ဖြစ်ပါတယ်။

အဲဒီ့ ဗီဒီယိုရဲ့ အစ မှာ သာမန် အမေရိကန် ပြည်သူလူထု က သူတို့ရဲ့ မျှော်လင့် လိုလား မှု တွေ အကြောင်း ပြော နေတာ ကို ရိုက် ပြ နေရင်း၊ ဟီလာရီ ကလင်တန် ရဲ့ ရုပ်ပုံလွှာ ပေါ် လာပြီး သူတို့ရဲ့ တောင့်တမှု တွေ ကို ဖြည့်ဆည်း ပေးနိုင် သူ ဖြစ်လို ပါတယ် လို့ ပြောခဲ့ ပါတယ်။

အမေရိကန် မိသားစု တွေ ကြံ့ခိုင် ပြီဆို ရင် အမေရိကန် တိုင်းပြည် ကြီး ကြံ့ခိုင် လာမှာ ပဲ ဆိုပြီးတော့ လည်း ပြောပါတယ်။

ဒီမိုကရက်တစ် ပါတီ ကို ကိုယ်စားပြု တဲ့ သမ္မတ လောင်း ဖြစ်လာ ဖို့ တိုင်းပြည် အနှံ့ လှည်လည် စည်းရုံး သွားမယ် လို့ ဟီလာရီ ကလင်တန် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ