နိုင်ငံ​ခြား​သား​တွေ​ကို တိုက်ခိုက်​မှု​အတွက် တောင်​အာ​ဖ​ရိက​သမ္မတ တောင်း​ပန်

_south_africa_xenophobia ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံခြားသားပိုင် ဆိုင်တွေ ကို ပစ်မှတ်ထား တိုက်ခိုက်။

တောင်အာဖရိက နိုင်ငံ မှာ နိုင်ငံခြားသား တွေ ကို ပစ်မှတ်ထား တိုက်ခိုက် တာ တွေ ဆက်တိုက် ဆိုသလို ဖြစ်လာ ခဲ့တဲ့ အတွက် ထွက် ပြေး ခဲ့ကြရ တဲ့ ရွှေ့ပြောင်း လုပ်သား တွေ ကို ယာယီ နေရာ ချပေး ထားရာ ဒါဘဲန် မြို့ အနီး က စခန်း ကို တောင်အာဖရိက သမ္မတ ဂျက်ကော့ဘ် ဇူးမား သွားရောက် ခဲ့ ပါတယ်။

ဖြစ်ပေါ်ခဲ့ တဲ့ တိုက်ခိုက်မှု တွေ အတွက် သမ္မတ ဇူးမား က တောင်းပန် စကား ဆိုခဲ့ပြီး ဒီလို မျိုး ကျုးလွန်မှု ဟာ တောင်အာဖရိ က မဆန်တဲ့ လုပ်ရပ် မျိုး ဖြစ်တယ် လို့ လည်း ပြောပါတယ်။

ဒါပေမယ့် အဲဒီ့ တိုက်ခိုက်မှု တွေ ကို တုန့်ပြန် ကိုင်တွယ် ရာမှာ သမ္မတ အနေနဲ့ နှေးကွေး ခဲ့ တယ် လို့ ရှု့မြင် ထား သူတွေ ကတော့ အော်ဟစ် ရှုတ်ချ တာမျိုး တွေ လုပ်ခဲ့ ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း နိုင်ငံခြားသားပိုင် ဆိုင်တွေ ကို လက်နက်ကိုင် အုပ်စု တွေ က ပစ်မှတ်ထား တိုက်ခိုက် ခဲ့လို့ အနည်းဆုံး လူ ၆ ဦး သေဆုံး ခဲ့ရ ပါတယ်။

နိုင်ငံခြား သားတွေ ဟာ တောင်အာဖရိက သား တွေ ရဲ့ အလုပ်တွေ ကို လုယူ နေတယ် ဆိုပြီး စွပ်စွဲ တိုက်ခိုက် လာခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ