မြေ​ထဲ​ပင်လယ်​ထဲ သေ​ဆုံး​နေ​ကြတာကို ကိုင်တွယ်​ဖို့ အီး​ယူ စီမံ​ကိန်း​ချ

_migrants_italy ဓာတ်ပုံ မူပိုင်
Image caption လစ်ဗျား ကမ်းလွန်မှာ မှောက်ခဲ့တဲ့ လှေရဲ့ မာလိန်မှု နဲ့ နောက်တစ်ဦး ကို လူမှောင်ခို တွေ အဖြစ် အီတလီ ရဲ ဖမ်းဆီး။

ဥရောပ ကို ရွှေ့ပြောင်း ဝင်ရောက် ဖို့ မြေထဲပင်လယ် ကို ကျော်ဖြတ် ရင်းသား လှေမှောက် သေဆုံး နေကြရတဲ့ ပြဿနာ ကို ကိုင်တွယ် ဖြေရှင်း ဖို့ အချက် ၁၀ ချက် ပါ အစီအစဉ် ကို ဥရောပ သမဂ္ဂ အီးယူ က အကြမ်းဖျင်း ချမှတ် လိုက် ပါတယ်။

မြေထဲ ပင်လယ် ပြင်မှာ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်း တွေ ကို ပိုမို တိုးမြင့် ဆောင် ရွက် ကြမှာ ဖြစ်သလို၊ လူ မှောင်ခို တွေ အသုံးပြု တဲ့ လှေတွေ ကို ဖျက်စီးပစ် နိုင်ဖို့ ကိုလည်း စံနစ်တကျ ဆော်ဩ လှုပ်ရှား သွားမှာ ဖြစ်ပါ တယ်။

ရွှေ့ပြောင်း ဝင်ရောက် မှု ရပ်တန့် သွား နိုင် အောင် နဲ့ ဥရောပ ထဲ ရောက် နှင့်ပြီး သူတွေ နေရပ် ရင်း ကို အလွယ်တကူ ပြန်နိုင် ရေး ကိစ္စ တွေ ကိုလည်း ကိုင်တွယ် ကြ မှာ ဖြစ်ပါတယ်။

အသေးစိတ် အစီအစဉ် တွေ ကို တော့၊ အီးယူ အဖွဲ့ဝင် နိုင်ငံ တွေ က ခေါင်းဆောင် တွေ တွေ့ဆုံ ကြမယ့် ဒီ နေ့ အင်္ဂါ နေ့ ထိပ်သီး အစည်းအဝေး မှာ ဆွေးနွေး ကြ ဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ က၊ လစ်ဗျား ကမ်းလွန် ရေပြင် မှာ နစ်မြုပ် ခဲ့တဲ့ လှေကနေ ကယ်တင် ထား ရတဲ့ ၂၈ ဦး ကို အီတလီ ကမ်းစောင့်တပ် သင်္ဘော က ခေါ်ဆောင် လာခဲ့တာ မှာ စစ္စလီ ကျွန်း ကထားနီးယား ဆိပ်ကမ်း ကို ဆိုက် ရောက် လာပြီ ဖြစ်ပါတယ်။

ကယ်တင်ထားတဲ့ သူတွေ ထဲက ၂ ဦး ကိုတော့ လူမှောင်ခို တွေ လို့ သံသယရှိရတဲ့ အတွက် အီတလီရဲ တွေ က ဖမ်းဆီး လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ