ယီမင်မှာ ဗုံးကြဲမှုတွေ ဆော်ဒီ ပြန်လည် ပြုလုပ်

ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတ သစ္စာခံ တပ်တွေနဲ့ သူပုန်တွေကြား တိုက်ခိုက်မှုတွေ ဆက်ရှိနေ။

ယီမင် နိုင်ငံမှာ စစ်ဆင်ရေး ရပ်နားလိုက်ပြီလို့ ကြေညာခဲ့ပြီး နာရီပိုင်း အကြာမှာပဲ ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့ တိုက်လေယာဉ်တွေက Taiz မြို့မှာ ရှိတဲ့ ဟူသီ သူပုန်တွေကို ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြန်လည် ပြုလုပ် ခဲ့ပါတယ်။

Taiz မြို့ အပြင်ဘက်က ယီမင် သမ္မတရဲ့ သစ္စာခံ တပ်ရင်း တစ်ခု ဟူသီ သူပုန်တွေလက် ကျရောက် ခဲ့ပြီးနောက် အခုလို ဆော်ဒီ တို့ရဲ့ တိုက်ခိုက်မှုတွေ ပေါ်ပေါက် လာတာပါ။

ဒုတိယ အကြီးဆုံးမြို့ ဖြစ်တဲ့ အေဒင်မြို့နဲ့ အခြားမြို့ အချို့မှာလည်း သူပုန်တွေနဲ့ သမ္မတ သစ္စာခံ တပ်တွေ အကြား တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ရရှိပါတယ်။

အင်္ဂါနေ့ကတော့ ဆော်ဒီ နိုင်ငံပိုင် ရုပ်သံက ယီမင် သမ္မတကို ကာကွယ်တဲ့ တစ်လကြာ စစ်ဆင်ရေး အောင်မြင်ခဲ့ပြီလို့ ကြေညာ ခဲ့ပါတယ်။ ဒါပေမယ့် ဟူသီ သူပုန်တွေ အပေါ် လိုအပ်သလို တိုက်ခိုက်မှုတွေ ဆက်လုပ် သွားမယ် လို့လည်း ပြောခဲ့ပါတယ်။

ယီမင် နိုင်ငံမှာ လေကြောင်းက ဗုံးကြဲမှုတွေနဲ့ မြေပြင် တိုက်ခိုက်မှုတွေကြောင့် မတ်လ ၁၉ ရက် နောက်ပိုင်းမှာ လူ ၉၄၄ ယောက် သေဆုံးပြီး သုံးထောင်ကျော် ဒဏ်ရာရခဲ့တယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ