အာမေးနီးယန်း အစုလိုက် အသတ်ခံရမှု ရာပြည့်ပွဲ

ဓာတ်ပုံ မူပိုင် AFP
Image caption အာမေးနီးယား နိုင်ငံ ယာရာဗန် မြို့မှာ ရာပြည့်ပွဲတွေ ကျင်းပခဲ့။

၁၉၁၅ ခုနှစ် ပထမ ကမ္ဘာစစ် အတွင်း တူရကီနိုင်ငံ အော်တိုမန် အင်ပါယာ တပ်ရဲ့ လက်ချက်နဲ့ အစုအပြုံလိုက် သေဆုံးခဲ့တဲ့ အာမေးနီးယန်း တွေကို ရည်ရွယ်ပြီး နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းနားတွေကို အာမေးနီးယား နိုင်ငံမှာ ကျင်းပ ပြုလုပ်နေကြပါတယ်။

စစ်အတွင်း သေဆုံးခဲ့သူတွေ အတွက် အမှတ်တရ အထိမ်းအမှတ် အခမ်းအနားကို အာမေးနီးယား နိုင်ငံ မြို့တော် Yerevan မှာ ကျင်းပ ပြုလုပ်ခဲ့ပြီး အာမေးနီးယား သမ္မတ Serzh Sarkisian နဲ့အတူ ပြင်သစ်နဲ့ ရုရှား သမ္မတတို့လည်း တက်ရောက် ခဲ့ကြပါတယ်။

အာမေးနီးယားဘက်က လူပေါင်း ၁ သန်းခွဲ သေဆုံး ခဲ့တယ်လို့ ပြောဆို ခဲ့ပေမယ့် တူရကီ ဘက်ကတော့ အဲဒီ အရေအတွက် ပေါ်မှာ ငြင်းဆိုခဲ့ပြီး ပဋိပက္ခ အတွင်း နှစ်ဘက်စလုံးမှာ အသေအပျောက် ရှိခဲ့တယ်လို့ ပြောထားပါတယ်။

တူရကီ ဘက်မှာလည်း အဲဒီလို အမှတ်ရပွဲကို ကျင်းပ ခဲ့ပြီး အာမေးနီးယန်း တွေရဲ့ ဝေဒနာကို မျှဝေမယ်လို့ တူရကီ ဝန်ကြီးချုပ် Ahmet Davutoglu က ပြောပါတယ်။ ဒါပေမယ့် အဲဒီ သေဆုံးမှုတွေဟာ မျိုးတုံး သတ်ဖြတ်မှု မဟုတ်ကြောင်း သူက ဆက်လက် ငြင်းဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ