နိုင်ဂျီးရီးယား မိန်းကလေးတွေကို ကယ်တင်

nigeria
Image caption ပြန်ပေးဆွဲ ခံရတဲ့ ကျောင်းသူ တွေ အတွက် ဆန္ဒပြ

နိုင်ဂျီးရီးယား အရှေ့မြောက် ပိုင်း Sambisa သစ်တော ထဲက ဘိုကို ဟာရမ် စခန်း တွေမှာ ဖမ်းဆီး ခံထား ရတဲ့ မိန်းကလေး ၂ဝဝ နဲ့ အမျိုးသမီး ၉၃ ယောက် ကို ကယ်တင် နိုင်ခဲ့ပြီ လို့ နိုင်ဂျီးရီးယား စစ်တပ် က ပြောကြား ပါတယ်။

ဒါပေမဲ့ ဒီပြန်လွတ် လာတဲ့ ထဲမှာ Chibok ဒေသ မှာ မနှစ်က အစ္စလာမ္မစ် သူပုန် တွေ ပြန်ပေးဆွဲ ခံခဲ့ရတဲ့ ကျောင်းသူ တွေ မပါသေးဘူး လို့ ပြောပါတယ်။

နိုင်ဂျီးရီးယား စစ်တပ် က သူတို့ သိမ်းပိုက် နိုင် ခဲ့တဲ့ စခန်း ၄ ခု မှာ ဒီအမျိုးသမီး နဲ့ မိန်းကလေး တွေကို တွေ့ရှိ ခဲ့တာ လို့ ဘီဘီစီကို ပြောပါတယ်။ လက်နက်တွေ လည်း သိမ်းဆည်း ရမိ ခဲ့ပါတယ်။

ဒီကယ်တင် နိုင်ခဲ့ တဲ့ အမျိုးသမီး တွေ ကို အခု မေးမြန်း စုံစမ်းနေတယ် လို့ နိုင်ဂျီးရီးယား စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ် က ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ