ဆော်ဒီ အိမ်ရှေ့ရာထူး အပြောင်းအလဲ ပြုလုပ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆော်ဒီရဲ့ အိမ်ရှေ့မင်းသား သစ် ဖြစ်လာသူ Mohammed Bin Nayef

ဆော်ဒီ အာရေဗျ နိုင်ငံမှာ ဘုရင် ဆာလ်မန်က အစိုးရ အဖွဲ့ကို ပြန်လည် ပြုပြင်လိုက်ပြီး ထီးနန်း ဆက်ခံခွင့် ရှိသူတွေကိုပါ ပြောင်းလဲ လိုက်တဲ့ အတွက် ကွယ်လွန်သူ ဘုရင်ဟောင်း အဗ္ဗဒူလာရဲ့ လူယုံတွေကို ဖယ်ထုတ် လိုက်တာလို့ အများက ရှုမြင်ကြပါတယ်။

ဖအေတူ မအေကွဲ ညီဖြစ်တဲ့ Muqrin ကို အိမ်ရှေ့ ရာထူးကနေ ဖယ်ရှား လိုက်ပြီး ဘုရင့်ရဲ့ တူလည်း ဖြစ်၊ အာဏာကြီးတဲ့ ပြည်ထဲရေး ဝန်ကြီးလည်း ဖြစ်သူ Mohammed Bin Nayef ကို အိမ်ရှေ့ ရာထူး ပေးလိုက် ပါတယ်။

ဘုရင့် သားတော် Mohammed Bin Salman ကိုတော့ ဒုတိယ အိမ်ရှေ့ မင်းသား နေရာ ခန့်အပ် လိုက်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ သက်တမ်း အရှည်ဆုံး နိုင်ငံခြားရေး ဝန်ကြီး ဖြစ်တဲ့ မင်းသားကြီး Saud Al Faisal ဖိုင်ဆယ်ရဲ့ နှုတ်ထွက်လွှာ ကိုလည်း လက်ခံ လိုက်ပါတယ်။

ဘုရင် ဆာလ်မန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဝမ်းကွဲ အစ်ကို ဘုရင်ဟောင်း အဗ္ဗဒူလာ နတ်ရွာစံပြီးနောက် ထီးနန်း ဆက်ခံခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ