အိန္ဒိယ ရုပ်ရှင်မင်းသား ထောင် ၅ နှစ်ကျ

ဓာတ်ပုံ မူပိုင် AP
Image caption ဆယ်လ်မန်း ခန်းကို ထောင် ၅ နှစ် ချမှတ်လိုက်ပြီးနောက် ၂ ရက်ကြာ အာမခံနဲ့ လွှတ်ထား။

အိန္ဒိယ ရုပ်ရှင် လောကမှာ နာမည်ကျော် မင်းသား တစ်ယောက် ဖြစ်တဲ့ Salman Khan ဟာ လွန်ခဲ့တဲ့ ၁၃ နှစ်က အရက်သောက်ပြီး ကားမောင်းစဉ် လူသေဆုံးခဲ့မှု အတွက် ထောင်ဒဏ် ၅ နှစ် ချမှတ် ခံခဲ့ရပါတယ်။

၂၀၀၂ ခုနှစ်က မွမ်ဘိုင်းမြို့မှာ လမ်းဘေး ပလက်ဖောင်းပေါ် အိပ်နေကြတဲ့ လူအုပ်ထဲကို ကားနဲ့ ဝင်တိုက်မိခဲ့ပြီး အိမ်ခြေမဲ့ အမျိုးသား တစ်ယောက် သေဆုံးခဲ့ရမှု အတွက် အသက် ၄၉ နှစ် အရွယ် Bollywood ရုပ်ရှင် မင်းသားကို လူသတ်မှု မြောက်တဲ့ ကျူးလွန်မှုနဲ့ စွဲချက် တင်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ Khan ကတော့ သူ့ရဲ့ ကားဒရိုင်ဘာ မောင်းတာလို့ ပြောပေမယ့် မျက်မြင်သက်သေ အတော်များများက ကားမောင်းသူဟာ မစ္စတာ Khan ဖြစ်ပြီး တိုက်ပြီးတာနဲ့ မောင်းပြေး သွားခဲ့တယ်လို့ ထွက်ဆို ခဲ့ကြပါတယ်။

အဲဒီ အမိန့် ချမှတ်ပြီး နာရီပိုင်း အတွင်းမှာပဲ သူ့ရဲ့ ရှေ့နေက အယူခံ ဝင်ခဲ့တဲ့ အတွက် မစ္စတာ ခန်းကို သောကြာနေ့ အထိ ၂ ရက်ကြာ အာမခံနဲ့ လွှတ်ပေးလိုက်ပြီး သောကြာနေ့ မှာတော့ သူ့ရဲ့ အယူခံကို ကြားနာမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ