ကမ္ဘာတဝန်း အိုးအိမ်စွန့်ရသူ အရေအတွက် စံချိန်တင်

ဓာတ်ပုံ မူပိုင် AFP
Image caption အိုးအိမ် စွန့်ခွာရသူ အများဆုံး နိုင်ငံတွေထဲ ဆူဒန် နိုင်ငံလည်း ပါဝင်။

ကမ္ဘာတဝန်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ၊ အကြမ်းဖက်မှု တွေကြောင့် မိမိနိုင်ငံအတွင်း အိုးအိမ် စွန့်ခွာ ထွက်ပြေးကြရသူ အရေအတွက် စံချိန်တင် ၃၈ သန်း အထိ ရှိသွားပြီလို့ ဂျီနီဗာမှာ အခြေစိုက်တဲ့ စောင့်ကြည့်ရေး အဖွဲ့ တစ်ခုရဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

နိုင်ငံတွင်း အိုးအိမ် စွန့်ခွာသူတွေကို စောင့်ကြည့် လေ့လာရေး စင်တာ The Internal Displacement Monitoring Centre က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဆီးရီးယား နိုင်ငံက အိုးအိမ် စွန့်ခွာ ထွက်ပြေးသူ အရေအတွက် အများဆုံး ဖြစ်ပြီး ဆီးရီးယား လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း အိုးအိမ်စွန့်ခွာ ခဲ့ကြရတယ်လို့ ဆိုပါတယ်။

အီရတ်၊ တောင်ဆူဒန်၊ ကွန်ဂိုနဲ့ နိုင်ဂျီးရီးယား တို့မှာလည်း အိုးအိမ် စွန့်ခွာ ထွက်ပြေးသူ အရေအတွက် သိသိသာသာ များပြား ခဲ့ပါတယ်။

ဒီကိန်းဂဏန်းတွေဟာ မျိုးဆက် တစ်ခုအတွင်းမှာ အဆိုးရွားဆုံး ဖြစ်ပြီး၊ ဒီကိစ္စကို ကမ္ဘာ့ ခေါင်းဆောင်တွေ သတိမူမိဖို့ အချိန်ရောက်ပြီလို့ Norwegian Refugee Council ရဲ့ အတွင်းရေးမှူးချုပ် Jan Egeland က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ