ဗြိတိန် ရွေးကောက်ပွဲ စစ်တမ်းအပေါ် သံသယရှိ

ဓာတ်ပုံ မူပိုင် Getty
Image caption လေဘာပါတီ ပြောခွင့်ရသူ ကတော့ ဒီစစ်တမ်း တွေဟာ ယုံကြည် နိုင်လောက်တဲ့ အနေ အထား မရှိဘူးလို့ ပြော

ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ရဲ့ ကွန်ဆာ ဗေးတစ် ပါတီ ရှေ့က ဦးဆောင် နေတယ် ဆိုတဲ့ နောက်ဆုံး စစ်တမ်းတွေ အပေါ် ထိပ်တန်း နိုင်ငံရေး သမားကြီး အများ အပြား ကတော့ သံသယ ရှိကြောင်း ထုတ်ဖေါ်ပြော ဆိုနေကြ ပါတယ်။

စစ်တမ်း အရ ကွန်ဆာ ဗေးတစ်က ၃၁၆ အမတ် နေရာ ရမယ်လို့ ဖေါ်ပြ နေပါတယ်။ အစိုးရ ဖွဲ့နိုင်ဖို့ အတွက် အမတ် နေရာ ၃၂၆ လိုအပ်မှာ ဖြစ်ပါတယ်။

အဓိက အတိုက် အခံ လေဘာပါတီ ပြောခွင့်ရသူ ကတော့ ဒီစစ်တမ်း တွေဟာ ယုံကြည် နိုင်လောက်တဲ့ အနေ အထား မရှိဘူးလို့ ပြောပါတယ်။

မဲဆွယ် စည်းရုံးစဉ် ကာလက စစ်တမ်း ကောက်ယူမှု တွေ အရ အဓိက ပါတီ ၂ ထုဟာ သူမသာ ကိုယ်မသာ အခြေ အနေမျိုး ဖြစ်တဲ့ အတွက် ရှေ့နောက် မညီ ဘူးလို့ ဆိုပါတယ်။

ကွန်ဆာ ဗေးတစ်နဲ့ ညွန့်ပေါင်း ဖွဲ့ထားတဲ့ လစ်ဘရယ် ဒီမိုကရတစ် ကတော့ အမတ် နေရာ အများ အပြား ရှုံးဖို့ ရှိနေပါတယ်။

ဗြိတိန် ရွေးကောက်ပွဲ မဲရလဒ်တွေကို ဆက်လက် ရေတွက် နေတာ ဖြစ်ပြီး၊ လောလောဆယ် လေဘာက ၉ နေရာ၊ ကွန်ဆာဗေးတစ်က ၄ နေရာနဲ့ DUP က ၂ နဲ့ SF က ၁ နေရာ အနိုင် ရရှိထား ပါတယ်။

လက်ဝဲယိမ်း Respect ပါတီက George Galloway ဟာ မဲပေးမှုတွေ မပြီးခင် တင်ကြို စစ်တမ်း တွေကို တွစ်တာ ကနေ ရေးသား ဖေါ်ပြခဲ့တယ် ဆိုတဲ့ စွပ်စွဲ ချက်နဲ့ ဘရတ်ဒ်ဖို့ဒ် ကောင်စီ ကနေ ရဲ ကို သတင်း ပို့လိုက် ပါတယ်။

ပါတီ ခေါင်းဆောင်ကတော့ သူ့ပါတီရဲ့ ကိုယ်ပိုင် စစ်တမ်း ဖေါ်ပြချက် ဖြစ်တယ်လို့ တွစ်တာမှာ ပြန်ပြီရေးသားခဲ့ပါတယ်။