ဗြိတိန် ရွေးကောက်ပွဲ ရလဒ် တင်ပြချက်

Image caption စစ်တမ်း ကောက်ယူမှု အရ ကွန်ဆာ ဗေးတစ်က အမတ် နေရာ ၃၁၆

ဗြိတိန် ရွေးကောက်ပွဲ ရလဒ် ဘီဘီစီ မြန်မာပိုင်း ကနေ တင်ဆက်ပေး ခဲ့တာ ဖြစ်ပါတယ်။ ဘီဘီစီ မြန်မာပိုင်း ဖေ့စ်ဘွတ်ခ် မှာလည်း အချိန်နဲ့ တပြေးညီ တင်ဆက် ပေးနေ ပါတယ်။

ရွေးကောက်ပွဲ ရလဒ်ကို ဗြိတိန် နိုင်ငံ တဝန်း စတင် ရေတွက် နေပြီ ဖြစ်ရာ၊ အတိုက်အခံ လေဘာပါတီ က ပထမဦး ဆုံး ပါလီမန် အမတ်နေရာ အတွက် အနိုင် ရရှိ သွားခဲ့ ပါတယ်။ ဆန်ဒါလန်း မဲဆန္ဒ နယ်မြေ တခုမှာ အနိုင်ရရှိ သွားတာ ဖြစ်ပါတယ်။

6:30 AM: ကွန်ဆာဗေးတစ် ၂၁၈၊ လေဘာ ၂၀၁၊ SNP ၅၅၊ DUP ၈၊ လစ်ဘ်ဒမ် ၆၊ တခြား ပါတီများ ၁၄။

6:00 AM: ကွန်ဆာဗေးတစ် ၁၉၁၊ လေဘာ ၁၈၆၊SNP ၅၅၊ DUP ၈၊ လစ်ဘ်ဒမ် ၆၊ တခြား ပါတီများ ၁၄။

5:45 AM: ကွန်ဆာဗေးတစ် ၁၇၉၊ လေဘာ ၁၇၅၊SNP ၅၄၊ DUP ၈၊ လစ်ဘ်ဒမ် ၆၊ တခြား ပါတီများ ၁၄။

5:41 AM: ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း Witney မဲဆန္ဒ နယ်မြေ ကနေ အနိုင် ရရှိ သွားပါတယ်။

5:28 AM: လေဘာပါတီ ခေါင်းဆောင် အက်ဝက်ဒ် မီလီဘန်း က သူ့ပါတီ အတွက် စိတ်ပျက် စရာ ကောင်းတဲ့ ည ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ စကော့ တလန်မှာ ရှုံးနိမ့် မှုတွေ အတွက် အထူး စိတ်မကောင်း ဖြစ်ရကြောင်း ပြောပါတယ်။

5:00 AM: လေဘာ ၁၄၀၊ ကွန်ဆာဗေးတစ် ၁၂၃၊ SNP ၅၀၊ DUP 8၊ PC ၆၊ တခြား ၁၂။

4:55 AM: လစ်ဘရယ် ဒီမိုကရက် ပါတီ ခေါင်းဆောင် Nick Clegg ဟာ သူ့ မဲဆန္ဒနယ် မြေဖြစ်တဲ့ Sheffield Hallam ကနေ အနိုင် ရရှိသွား ပါတယ်။

4:35 AM: ကွန်ဆာဗေးတစ် ပါတီ ကိုယ်စားလှယ် လန်ဒန် မြို့တော်ဝန် Boris Johnson အနိုင် ရရှိ။

4:30 AM: လေဘာ ၈၇၊ ကွန်ဆာဗေးတစ် ၅၂၊ SNP ၄၁၊ DUP ၇၊ PC ၃၊ တခြား ၉။

4:00 AM: လေဘာ ၈၂၊ ကွန်ဆာဗေးတစ် ၄၈၊ SNP ၃၈၊ DUP ၇၊ PC ၃၊ တခြား ၉။

အဓိက အချက်များ

- SNP ပါတီ စကော့တလန် တလွှား အရင် လေဘာ နေရာ တွေမှာ အနိုင်ရနေ။

- လေဘာပါတီရဲ့ Douglas Alexander နဲ့Jim Murphy တို့ သူတို့ နေရာတွေမှာ ရှုံးနိမ့်။

- နောက်ဆုံးစစ်တမ်းအရ ကွန်ဆာဗေးတစ်က ၃၁၆ နေရာ ရမယ်။ ဒါပေမယ့် အစိုးရ မဖွဲ့နိုင်။

- လေဘာ အတွက် စစ်တမ်းကတော့ ၂၃၉ နေရာ နိုင်မယ်။ ဒါဟာ အရင်ခန့်မှန်း ချက်ထက် ၁၉ နေရာ လျော့ကျ။

- လစ်ဘရယ် ဒီမိုကရက် တို့ကတော့ လျောကျသွားပြီး ၄၇ နေရာ ရှုံးဖို့ရှိ။

3:30 AM: လေဘာ ၄၄၊ ကွန်ဆာဗေးတစ် ၂၉၊ SNP ၂၈၊ DUP ၆၊ PC ၃၊ တခြား ၇။

3:00 AM: လေဘာ ၂၅၊ ကွန်ဆာဗေးတစ် ၁၇၊ SNP ၁၆၊ DUP ၆၊ PC ၂၊ တခြား ၅။ စတော့တလန်မှာ အရင် လေဘာ နေရာ ၉ ခုကို SNP အနိုင်ရခဲ့ပြီ။

2:18 AM: လေဘာ ၁၃၊ ကွန်ဆာဗေးတစ် ၄၊ DUP ၃၊ လစ်ဘ်ဒမ် ၁၊ SF ၁၊ တခြားပါတီများ ၄။

1:32 AM: လေဘာ ၇၊ ကွန်ဆာဗေးတစ် ၃၊ DUP ၁။

1:23 AM: DPU ပါတီ ၁ နေရာ အနိုင်ရထားပြီ။

1:13 AM: လေဘာ ၆၊ ကွန်ဆာဗေးတစ် ၂။

23:30 PM: လေဘာ ပါတီက အမတ်နေရာ ၃ နေရာ အနိုင် ရရှိ နေပါတယ်။

ဒီကနေ့ မဲပေးလာ သူတွေကို စစ်တမ်း ကောက်ယူမှု အရ ကတော့၊ ကွန်ဆာ ဗေးတစ်က အမတ် နေရာ ၃၁၆၊ လေဘာက ၂၃၉ ၊ လစ်ဘ်ဒမ်က ၁၀၊ SNP က ၅၈၊ Plaid Cymru ဆိုတဲ့ ဝေလပါတီ က ၄ နေရာ နဲ့ အမျိုးသားရေး ပါတီဖြစ်တဲ့ ယူကစ် က ၂ နေရာ ရရှိတယ် လို့ ခန့်မှန်းထား ပါတယ်။

လက်ရှိ စစ်တမ်းတွေ အရ ကွန်ဆာဗေးတစ်က ၃၁၆ နေရာ ခန့်မှန်းထား ချက် အပေါ် လေဘာနဲ့ လစ်ဘ်ဒမ် တို့က ဒီ စစ်တမ်းကို သူတို့ မယုံကြည်ဘူး လို့ ပြောပါ တယ်။

ဗြိတိန် ရွေးကောက်ပွဲ နောက်ခံ အခြေအနေ တွေနဲ့ ခေါင်းဆောင် တဦးခြင်းရဲ့ ကိုယ်ရေးမှတ်တမ်း တွေကို အောက်ပါလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။

http://www.bbc.com/burmese/world/uk_elections_2015_cluster