ဒေးဗစ်ကမ်မရွန်း ယုံကြည်မှု အပြည့်ရှိနေ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေးဗစ် ကမ်မရွန်း ဟာ ဝန်ကြီးချုပ် ပြန်ဖြစ်မယ့် အလား အလာ ရှိနေ

မဲဆန္ဒနယ်မြေ ၃ ချိုး ၁ ချိုး ရေတွက်ပြီး ချိန်မှာတော့ ကွန်ဆာဗေးတစ် ပါတီဟာ ဟာ အာဏာကို ဆက်ထိန်း ထားနိုင်မယ့် လမ်းကြောင်း ပေါ်ကို ရောက်ရှိ နေပါတယ်။

အနိုင်ရ အမတ် နေရာ တွေ တိုးလာနေပြီး ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း ဟာ ဝန်ကြီးချုပ် ပြန်ဖြစ်မယ့် အလား အလာ ရှိနေ ပါတယ်။

ဒါပေမယ့်လည်း အစိုးရ ဖွဲ့နိုင်မယ့် အမတ် အရေ အတွက်တော့ ရရှိ နိုင်မယ့် ပုံ မရှိပါ။

ဆိုလိုတာ ကတော့ နောက်ထပ် ညွန့်ပေါင်း အစိုးရ တရပ် ဖွဲ့ဖို့ အခြေ အနေ ရှိနေပါတယ်။

အဓိက အတိုက်အခံ ပါတီ ကတော့ အမတ် နေရာ ရှုံးနိမ့် မှုတွေ ရှိနေရာ အထူး သဖြင့်တော့ စကော့ တလန် မဲဆန္ဒနယ် တွေ မှာ ဖြစ်ပါတယ်။

လက်ရှိ ညွန့်ပေါင်း အစိုးရ ဖွဲ့ထားတဲ့ လစ်ဘရယ် ဒီမိုကရက်ပါတီ ကတော့ နိုင်တလွှား အကြီး အကျယ် ရှုံးနိမ့်နေ ပါတယ်။