တာထွက်ကောင်းတဲ့ လေဘာ

ဓာတ်ပုံ မူပိုင် AFP
Image caption စစ်တမ်း အရ လေဘာပါတီဟာ ၂၃၉ နေရာပဲ ရမယ် ဆိုတာကို လေဘာ ဘက်က ပယ်ချ

လေဘာ ပါတီဟာ ဗြိတိန် စံတော်ချိန် မနက် ၄ နာရီ အထိ မဲရေတွက်မှု တွေ အရ အမတ် ၈၂ နေရာ နဲ့ ရှေ့ကနေ ပြေးနေ ပါတယ်။

လက်ရှိ အာဏာရ ကွန်ဆာဗေးတစ် ပါတီ ကတော့ ၄၈ နေရာ နဲ့ ဒုတိယ လိုက်နေပြီး စကော့တလန် အမျိုးသားရေးပါတီ ဖြစ်တဲ့ SNP ကတော့ ၃၈ နေရာ ရရှိနေပါတယ်။

ဒါပေမယ့်လည်း နောက်ဆုံး စစ်တမ်းတွေ အရ ကွန်ဆာ ဗေးတစ်ဟာ အစိုးရ ဖွဲ့နိုင် လောက်တဲ့ အမတ် နေရာ နီးပါး ရနိုင်တယ် ဆိုတဲ့ အချက်ကြောင့် ကွန်ဆာ ဗေးတစ် တို့ဟာ သူတို့ ခေါင်းဆောင် ဒေးဗစ် ကမ်မရွန်း ဝန်ကြီးချုပ် ပြန်ဖြစ်မယ်လို့ ယုံကြည်မှု ရှိနေကြ ပါတယ်။

လေဘာ ကတော့ စစ်တမ်း အရ ၂၃၉ နေရာပဲ ရမှာ ဖြစ်တဲ့အတွက် ဒီစစ်တမ်းတွေ အပေါ် လေဘာ ဘက်က ပယ်ချလိုက် ပါတယ်။

လစ်ဘရယ် ဒီမိုကရက် တွေကတော့ ၄၇ နေရာ ရှုံးမယ်လို့ စစ်တမ်း တွေက ဆိုပါတယ်။ စတော့တလန် အမျိုးသားရေး ပါတီ SNP ပါတီ ကတော့ သူတို့ဆီက အမတ်နေရာ ၅၉ နေရာ ရှိတဲ့ အနက် တနေရာပဲ ရှုံးမယ်လို့ စစ်တမ်း တွေက ဆိုပါတယ်။

အခု အချိန် အထိ ရလဒ်တွေကို ကြည့်မယ် ဆိုရင် စစ်တမ်းတွေ အတိုင်း မှန်နေတာကို တွေ့ရ ပေမယ့်၊ ပါတီ တခုခုက အစိုးရ ဖွဲ့နိုင်မယ့် အရေး အတွက် ရမရ ဆိုတာ ကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

အဓိက အချက်များ

- SNP ပါတီ စကော့တလန် တလွှား အရင် လေဘာ နေရာ တွေမှာ အနိုင်ရနေ။

- လေဘာပါတီရဲ့ Douglas Alexander နဲ့Jim Murphy တို့ သူတို့ နေရာတွေမှာ ရှုံးနိမ့်။

- နောက်ဆုံးစစ်တမ်းအရ ကွန်ဆာဗေးတစ်က ၃၁၆ နေရာ ရမယ်။ ဒါပေမယ့် အစိုးရ မဖွဲ့နိုင်။

- လေဘာ အတွက် စစ်တမ်းကတော့ ၂၃၉ နေရာ နိုင်မယ်။ ဒါဟာ အရင်ခန့်မှန်း ချက်ထက် ၁၉ နေရာ လျော့ကျ။

- လစ်ဘရယ် ဒီမိုကရက် တို့ကတော့ လျောကျသွားပြီး ၄၇ နေရာ ရှုံးဖို့ရှိ။