လိုင်ဘေးရီးယားမှာ အီဘိုလာ လုံးဝ ကင်းစင်

ဓာတ်ပုံ မူပိုင် AP
Image caption လိုင်ဘေးရီးယားနိုင်ငံဟာ အီဘိုလာရောဂါကြောင့် သေဆုံးသူ အများဆုံးနိုင်ငံဖြစ်

လိုင်ဘေးရီးယားနိုင်ငံမှာ အခုအခါ အီဘိုလာ ရောဂါ လုံးဝ ကင်းစင်သွားပြီ ဖြစ်ကြောင်း WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ထုတ်ဖော် ကြေညာလိုက်ပါတယ်။

ရောဂါပျိုးချိန်ကာလရဲ့ အချိန် နှစ်ဆ ဖြစ်တဲ့ ၄၂ရက်ကြာတဲ့အထိ အီဘိုလာ ရောဂါအသစ် ထပ်ဖြစ်တာမျိုး မရှိဘူးလို့ WHO က ပြောပါတယ်။

လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါ ကင်းစင်သွားပြီလို့ WHO အဖွဲ့ကြီးက အခုလို တရားဝင် ထုတ်ဖော် ကြေညာ လိုက်တဲ့အတွက် အကြီးအကျယ် စိတ်သက်သာရာ ရသွားခဲ့ရတယ်လို့ လိုင်ဘေးရီးယား သမ္မတ Ellen Johnson Sirleaf က ပြောပါတယ်။

လိုင်ဘေးရီးယားနိုင်ငံဟာ အီဘိုလာရောဂါ ကြောင့် လူအသေအပျောက် အများဆုံး နိုင်ငံ ဖြစ်ခဲ့ပြီး နောက်ထပ် ရောဂါ ထပ်မဖြစ်အောင် သတိနဲ့ မပြတ် စောင့်ကြည့်သွားဖို့ လိုတယ် ဆိုတာကိုလည်း သမ္မတ Ellen Johnson Sirleaf က ထုတ်ဖော် ဝန်ခံသွားခဲ့ပါတယ်။

အီဘိုလာ ရောဂါကြောင့် သေဆုံးခဲ့သူ လိုင်ဘေးရီးယား ပြည်သူ ၄၆၀၀ ကို အမြဲသတိရနေကြဖို့ကိုလည်း ကမ္ဘာ့နိုင်ငံတွေကို ပန်ကြားသွားခဲ့ပါတယ်။

အီဘိုလာ ရောဂါကြောင့် အနောက်အာဖရိက ဒေသမှာ လူ တသောင်း တထောင်ကျော် အသက် ဆုံးရှုံးခဲ့ရပါတယ်။

WHOအဖွဲ့ အနေနဲ့ အီဘိုလာ ရောဂါ ပျံ့နှံ့ ဖြစ်ပွားဘွယ် ရှိတယ် ဆိုတဲ့ သတိပေးချက်တွေကို လျစ်လျူ ရှုခဲ့ပြီး တုန့်ပြန် ဆောင်ရွက်မှုတွေ နှေးကွေးခဲ့တယ် ဆိုတဲ့ ဝေဖန်ချက်တွေကို ရင်ဆိုင်ခဲ့ရပါတယ်။