လှေစီးရွေ့ပြောင်းသူများ အရေး ဆွေးနွေးဖို့ ထိုင်းဖိတ်ခေါ်

thai_malaysia_migrants ဓာတ်ပုံ မူပိုင် epa
Image caption လှေစီး ရွေ့ပြောင်း နေထိုင်သူများ

လှေစီး ရွေ့ပြောင်းသူများ အရေးအတွက် မြန်မာနိုင်ငံ အပါအဝင် သက်ဆိုင်တဲ့ နိုင်ငံတွေ အားလုံးကို အခုလ ၂၉ ရက်နေ့မှာ ဆွေးနွေးအဖြေရှာဖို့ ဖိတ်ခေါ်ထားတယ်လို့ ထိုင်းအစိုးရဒုတိယပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်စန်စို(န်) ကယောက်ကမ်းနွတ်က ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။

ထိုင်းနိုင်ငံမှာ အခုလ ၂၉ ရက်နေ့ ပြုလုပ်မယ့် အစည်းအဝေး ခေါင်းစဉ်က ပုံမှန်မဟုတ်ပဲ ရွေ့ပြောင်း သွားလာသူတွေရဲ့ ပြဿနာဆွေးနွေး အဖြေရှာရေး ခေါင်းစဉ်နဲ့ သက်ဆိုင်တဲ့နိုင်ငံတွေကို ဖိတ်ကြားထားတာဖြစ်ပါတယ်။

UNHCR တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေကတော့ လိုလား တာကို တွေ့ရပြီး အခုဖိတ်ထားတဲ့ နိုင်ငံတွေက ဘယ်အဆင့် ကိုယ်စားလှယ်တွေ လာကြမလဲဆိုတာတော့ လောလောဆယ် မသိသေးဘူးလို့ ထိုင်းအစိုးရဒုတိယပြောရေး ဆိုခွင့်ရှိသူ ကပြောပါတယ်။

လှေစီးပြီး ဝင်ရောက် လာတာဟာ မြန်မာနိုင်ငံက အများစုဖြစ်နေလို့ ဒီအစည်းအဝေးကို မြန်မာနိုင်ငံက တက်မယ် မတက်ဘူးဆိုတာ မသေချာလို့ ဆွေးနွေးပွဲက အဖြေရှာနိုင်မယ့် ဆွေးနွေးပွဲ ဖြစ်လာပါ့မလားလို့ ထိုင်းလုံခြုံရေးကို တာဝန်ယူထားတဲ့ ဒုဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရာ့ဝစ် ဝုံးစူဝမ်းကို သတင်းထောက်တွေက မေးတော့ ဒီပြဿနာကို ဆွေးနွေးချင်တဲ့နိုင်ငံတွေက အများကြီးရှိ ကြောင်း၊ နေရင်း နိုင်ငံရော၊ ကြားနိုင်ငံရော၊ လမ်းဆုံးနိုင်ငံရော၊ အားလုံးဆွေးနွေး အဖြေရှာမှရ နိုင်မယ့် အကြောင်းတွေကို ပြောကြား သွားခဲ့ပါတယ်။

မြန်မာနိုင်ငံကို သွားရောက် စွက်ဖက်လို့မရ ပေမယ့်လည်း ဘက်ပေါင်းစုံက ဆွေးနွေး အဖြေရှာရ ရမှာဖြစ်ကြောင်းနဲ့ ကုလသမဂ္ဂကလည်း ပါဝင်ဖြေရှင်း ရမှာဖြစ်ပြီး မူရင်းနိုင်ငံတွေကနေ မထွက်လာဘူး ဆိုရင် ဒီပြဿနာ ပေါ်မှာ မဟုတ်ဘူးလို့ ပြောကြား ခဲ့ပါတယ်။

ရိုဟင်ဂျာအရေးကို ထိုင်းနိုင်ငံက ဆွေးနွေး အဖြေရှာဖို့ ကြိုးစား နေသလို ဒီနေ့မှာလည်း ရိုဟင်ဂျာ ၁၀၆ ယောက်ကို ထိုင်းတောင်ပိုင်း ဖန်းငါးခရိုင်၊ စူရင်းကျွန်းမှာတွေ့ရှိလို့ ဖန်းငါးခရိုင် လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီး ထိန်းသိမ်းထား လိုက်ပါတယ်။