တရုတ် ဘရာဇီးမှာ ဘီလျံနဲ့ချီ မြှုပ်နှံ

brazil ဓာတ်ပုံ မူပိုင် AP
Image caption ဘရာဇီး မှာ ဒေါ်လာ ဘီလျံ ၅ဝ ကျော် ရင်းနှီး မြှုပ်နှံမယ် လို့ ကြေညာ

တရုတ် ဝန်ကြီးချုပ် Li Keqiang ရဲ့ ဘရာဇီး နိုင်ငံ ခရီးစဉ် အစမှာပဲ ဘရာဇီး မှာ ဒေါ်လာ ဘီလျံ ၅ဝ ကျော် ရင်းနှီး မြှုပ်နှံမယ် လို့ ကြေညာ လိုက် ပါတယ်။

စီးပွားရေး နှေးကွေးမှု နဲ့ ကြုံနေရတဲ့ ဘရာဇီး အတွက် ဒါဟာ အရေးကြီးတဲ့ တပ်လှန့်မှု ကြီး တခု လို့ သတင်းထောက် တွေက ပြောဆို ပါတယ်။

ဘရာဇီး နိုင်ငံ အတ္တလန္တိတ် သမုဒ္ဒရာ ကမ်းရိုးတန်း ကနေ ပီရူး က ပစ္စိဖိတ် သမုဒ္ဒရာ ကမ်းရိုးတန်း ထိ ရထား လမ်း ဖောက်ဖို့ အပါအဝင် အခြေခံ အဆောက်အအုံ ပိုင်း စီမံကိန်း တွေ မှာ ဒီငွေကို သုံးဖို့ ရှိ ပါတယ်။

ကိုလံဘီယာ၊ ပီရူးနဲ့ ချီ လီ နိုင်ငံ တွေကိုလည်း တရုတ် ဝန်ကြီးချုပ် သွားဖို့ ရှိပြီး ဒါဟာ သူ့အတွက် ပထမဆုံး တောင်အမေရိက ခရီးစဉ် လည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ