ပါလ်မိုင်ရာ မြို့ဟောင်း IS လက်တွင်း ကျရောက်

ဓာတ်ပုံ မူပိုင် AFP
Image caption လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်လာမယ်လို့ ယူနက်စကို ပြော။

ဆီးရီးယား နိုင်ငံမှာ ရှိတဲ့ IS အစ္စလာမ္မစ်နိုင်ငံအဖွဲ့ စစ်သွေးကြွတွေဟာ ယူနက်စကိုရဲ့ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ပါလ်မိုင်ရာ မြို့ဟောင်းထဲကို ဝင်ရောက် သွားကြပြီလို့ သတင်းတွေ ရရှိပါတယ်။

အခုချိန်အထိ မြို့ဟောင်းဆီက ပျက်စီး ဆုံးရှုံးမှုတွေကို မသိရသေးပေမယ့် လူသားမျိုးနွယ် တစ်ခုလုံးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခု ဖြစ်လာတော့မယ်လို့ ယူနက်စကိုက ပြောပါတယ်။

IS စစ်သွေးကြွတွေဟာ တဒ်မျူး မြို့ကို သိမ်းပိုက်ပြီးနောက် ကပ်ရပ်မှာ ရှိတဲ့ မြို့ဟောင်းထဲကို ဝင်ရောက် လာတာ ဖြစ်ပြီး အခုအခါ အနီးတဝိုက်က လေဆိပ်တစ်ခု၊ အကျဉ်းထောင် တစ်ခုနဲ့ ထောက်လှမ်းရေး ရုံးချုပ် တို့ကို ထိန်းချုပ် ထားတယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

IS စစ်သွေးကြွတွေဟာ အရင်ကလည်း အီရတ် နိုင်ငံထဲမှာ အစ္စလာမ် ဝါဒထက် ရှေးကျတဲ့ မြို့ဟောင်း အချို့ကို ဖျက်ဆီး ခဲ့ကြဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ