အိုင်​ယာ​လန်​မှာ တရားဝင် လိင်​တူ​လက်ထပ်​ခွင့် ရှိ​တော့မယ်

ireland_gay_marriage_referendum_ ဓာတ်ပုံ မူပိုင် Getty
Image caption အိုင်ယာလန် မှာ လိင်တူ ချစ် ကြိုက် တာကို ရာဇဝတ် မှု အဖြစ် သတ်မှတ် ထားတာ ကနေ ၁၉၉၃ ခုနှစ် က မှ ပယ်ဖျက် နိုင်ခဲ့။

အိုင်ယာလန် နိုင်ငံ မှာ လိင်တူချင်း လက်ထပ်ခွင့် ကို တရားဝင် ခွင့်ပြု ဖို့ ပြည်လုံးကျွတ် ဆန္ဒ ခံယူ ပြီး ဆုံးဖြတ် လိုက် ပြီ ဖြစ်ပါတယ်။

ဒါဟာ အိုင်ယာလန် ရဲ့ အခြေခံ ဥပဒေ ပါ အချက်အလက် ကိုပါ ပြောင်း လဲ ပြင်ဆင် နိုင်ခဲ့တာ ဖြစ်ပြီး ဆန္ဒမဲ ပေးခဲ့သူ ၆၀ % ကျော် က လိင်တူ လက်ထပ်တာ ကို တရားဝင် သတ်မှတ် ဖို့ သဘောတူ ခဲ့ ကြတာ ဖြစ်ပါတယ်။

ဆန္ဒ ခံယူ ပွဲ ရလာဒ် ထွက် ပေါ် လာချိန် မှာ တော့ ဒဗ္ဗလင် ရဲတိုက် မှာ အဖြေ ကို စောင့်ဆိုင်း နေကြ တဲ့ ထောင် ပေါင်း များစွာ သော လူ တွေ ဝမ်းပန်းတသာ ကြိုဆို အောင်ပွဲ ခံခဲ့ ကြပါတယ်။

လိင်တူ ချစ် ကြိုက် တာကို ရာဇဝတ် မှု အဖြစ် သတ်မှတ် ထားတာ ကနေ ၁၉၉၃ ခုနှစ် က မှ ပယ်ဖျက် နိုင်ခဲ့ တဲ့ အိုင်ယာလန် လို တိုင်းပြည် မျိုး မှာ အခုလို တရားဝင် လက်ထပ်ခွင့် ရလာတဲ့ နေ့ဟာ တကယ့် သမိုင်း ဝင် နေ့ ပဲ ဖြစ်တယ် လို့ အဲဒီ အခွင့်အရေး ရရှိဖို့ လှုပ်ရှား ဆော်ဩ ခဲ့ သူတွေ က ပြောပါတယ်။

အိုင်ယာလန် ဝန်ကြီး ချုပ် အဲန်ဒါ ကဲန်နီ ကလည်း အိုင်ယာလန် ပြည် ကြီး ဟာ စိတ်သဘော ပြည့်ဝ ပြီး မေတ္တာ တရား ပြည့်ဝ ကြောင်း ကို ပြသ ခဲ့တာ ဖြစ် တယ် လို့ ဆိုပါတယ်။

လိင်တူ လက်ထပ် မှု ကို ဆန့်ကျင် တဲ့ အိုင်ယာလန် ရဲ့ ရိုမဲန် ကက်သလစ် ခရစ်ယာန် ကျောင်းတော် က ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဒဲရ်မက်ဒ် မာတင် ကတော့ ဒီ အရေး မှာ ရှုံးနိမ့် ခဲ့ရ မှု အပေါ် အသိ အမှတ် ပြုခဲ့ပြီး၊ ကျောင်းတော် အနေ နဲ့ တကယ့် လက်တွေ့ ဘ၀ မှာ ဖြစ်ပျက် နေတာ တွေ ကို ပြန်လည် သုံးသပ် ဖို့ လို အပ် လာ ပြီ လို့ ပြောပါတယ်။

အခု ဆန္ဒ ခံယူ ပွဲ ရဲ့ ရလာဒ် ဟာ လူမှု တော်လှန်ရေး ပေါ်ထွန်း နေတဲ့ အချက် ကို ထင်ဟပ် နေပြီး ကျောင်းတော် ရဲ့ ဦးစီးဦးဆောင် တွေ အနေနဲ့ ခေတ် လူငယ် တွေ နဲ့ အကြား အပြန်အလှန် ဆက်ဆံ ရေး ကို ဘယ်လို ထူထောင် ရမလဲ ဆိုတာ ကို လည်း ပြန်လည် စဉ်းစား ကြရမှာ ဖြစ်တယ် လို့ ဂိုဏ်းချုပ် ဘုန်းတော်ကြီး မာတင် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ