က​လိဗ်​လဲန် မြို့​က ရဲ​ကို လူသေ​မှု​က ပလပ်ပေးပြီ

4_cleveland_polis ဓာတ်ပုံ မူပိုင် Reuters
Image caption ကားဘောနက် အဖုံး ပေါ် တက်ပြီး၊ ကားထဲ က လက်နက် ကိုင်ဆောင် မထားသူ တွေ ကို ၊ သေနတ် နဲ့ အချက်ရေ တော်တော် များများ ပစ်ခတ် ခဲ့

အမေရိကန် ပြည်ထောင်စု နိုင်ငံ မှာ ကားဘောနက် အဖုံး ပေါ် တက်ပြီး ကားထဲ က လက်နက် ကိုင်ဆောင် မထားသူ တွေ ကို သေနတ် နဲ့ အချက်ရေ တော်တော် များများ ပစ်ခတ် ခဲ့သူ ကလိဗ်လဲန် မြို့ က ရဲ အမှုထမ်း ကို တရားသူကြီး က လူသေစေ မှု ပုဒ်အမ ကနေ ပလပ် ပေးလိုက် ပါတယ်။

၂၀၁၂ တုန်း က ဖြစ်ပေါ် ခဲ့တဲ့ အဲဒီ့ ပစ်ခတ် မှု အတွင်း ကားထဲ မှာ ရှိ နေကြတဲ့ အမေရိကန် နိုင်ငံသား လူမည်း အမျိုးသား တွေ ဖြစ်တဲ့ တင်မသီ ရပ်ဆဲလ် နဲ့ မလစ်ဆာ ဝီလျမ်စ် တို့ ၂ ဦး စလုံး သေဆုံး ခဲ့ကြရပါတယ်။

ကားကို သတ်မှတ်ထားတဲ့ မိုင်နှုန်းထက် ကျော် မောင်း လို့ ဆိုပြီး ရဲ က နောက် က လိုက် ဖမ်း ကြရာ ကနေ အခု လို ပစ်ခတ်မှု ဖြစ်ပေါ် ခဲ့တာ ပါ။

ကားကို ဝိုင်း ပစ် ကြတဲ့ ရဲ ၁၃ ဦး ထဲ က တစ်ဦး ဖြစ်သူ သာ လူသေစေ မှု ပုဒ်မ တပ် ပြီး တရားစွဲ ခံခဲ့ ရ တဲ့ နောက်၊ အခုဆို တရားစွဲ ခံရသူ မိုက်ကယ် ဘရီလို လည်း အမှု ကနေ ကင်းလွတ် ခွင့် ရ သွားတာ ဖြစ်ပါတယ်။

ဒါဟာ အမေရိကန် မှာ လက်နက်မဲ့ လူမည်း အမျိုးသား တွေ ကို ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့ ရဲ တွေ ကို ရုံးတော် က အပြစ် မရှိ ဆုံးဖြတ် ပေးမှု တွေ ထဲ က အခု နောက်ဆုံး ဖြစ်ပေါ် လာပြန် တဲ့ လူ အများ စိတ်ဝင်တစား စောင့်ကြည့် နေကြတဲ့ အမှု ပဲ ဖြစ်ပါတယ်။

တရားရုံး အဆုံး အဖြတ် ထွက်ပေါ် လာအပြီး မှာတော့ ရုံးတော် အပြင် ဘက် မှာ ဆန့်ကျင် ကန့်ကွက် ဆန္ဒပြ မှု တွေ ပေါ်ပေါက် ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ