ဘူလ်ဂေးရီးယား၊ ဂရိနဲ့ တူရကီ လူဝင်မှု ကိုင်တွယ်

Bulgaria turkey ဓာတ်ပုံ မူပိုင် AFP
Image caption ဘူလ်ဂေးရီးယား-တူရကီ နယ်စပ်မှာ ခိုးဝင်လာသူတွေ ရှာဖွေ

တရားမဝင် ရွှေ့ပြောင်း နေထိုင်မှု၊ ဂိုဏ်းဖွဲ့ ရာဇဝတ် မှုတွေနဲ့ အကြမ်းဖက် အန္တရာယ်ကို ကိုင်တွယ်ဖို့ ဘူလ်ဂေးရီးယား၊ ဂရိနဲ့ တူရကီ ၃ နိုင်ငံ ပူးပေါင်းဖို့ ဗဟို ဌာန တခု ထူထောင်ဖို့ သဘော တူလိုက်ပြီ ဖြစ်ပါတယ်။

နယ်စပ် ရဲနဲ့ အကောက်ခွန် လုပ်ငန်းတွေကို ဒီ ၃ နိုင်ငံ ပူးပေါင်း ဆောင်ရွက် ကြမှာ ဖြစ်ပါတယ်။

ဒီ သဘော တူညီ ချက်ဟာ ၃ နိုင်ငံ ရင်ဆိုင် နေရတဲ့ စိန်ခေါ်မှု တွေ အတွက် ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်း လုပ်ဆောင်ဖို့ အာမခံ လိုက်တာပဲလို့ ဘူလ်ဂေးရီးယား ပြည်ထဲရေး ဝန်ကြီးက ဘူလ်ဂေးရီးယား နိုင်ငံ ဆိုဖီယာ မြို့တော်မှာ ကျင်းပတဲ့ လက်မှတ် ထိုးပွဲမှာ ပြောကြား ခဲ့ပါတယ်။

ဆီးရီးယားက လာတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည် တွေဟာ တူရကီ ကို ဖြတ်ကျော်ပြီး ဥရောပ သမဂ္ဂ နိုင်ငံ တွေမှာ ခိုလှုံခွင့် ရဖို့ ကြိုးစား နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ