ပိုလန်ရွေးကောက်ပွဲမှာ လက်ရှိသမ္မတရှုံး

poland_election
Image caption ပိုလန် ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ရှုံးနိမ့်။

ပိုလန် နိုင်ငံ ရွေးကောက်ပွဲ ဒုတိယ အဆင့် ၊ ၂ ယောက်ချင်း ပြိုင်ကြရ တဲ့ ပွဲ ရဲ့ ရလာဒ်တွေ အားလုံး ထွက်မလာ သေး ပေမယ် လက်ရှိ သမ္မတ က သူရှုံးနိမ့် ကြောင်း ဝန်ခံ လိုက် ပြီ ဖြစ်ပါတယ်။

မဲထည့် ခဲ့သူ တွေ ကို ကောက်ခံ ကြည့်တဲ့ စစ်တမ်း တွေ အရ လက်ရှိ ကွန်ဆားဗတစ်ဗ် သမ္မတ ဘရော်နီဆွယ့်ဖ် ကော်မော်ရော့ဖ်စကီး ဟာ သူ့ထက် ပိုပြီးတော့တောင် ရှေးရိုးစွဲနိုင် တဲ့ ပြိုင်ဘက် အန်ဂေျ ဒူးဒါး ကို ရှုံးနိမ့် နေတယ် ဆိုပြီး ပြသ နေပါတယ်။

မစ္စတာ ဒူးဒါး က မဲ တွေ ရဲ့ ၅၃ % ရနိုင် ပြီး မစ္စတာ ကော်မော်ရော့ဖ်စကီး ကတော့ ၄၇% ရနိုင်တယ် လို့လည်း စစ်တမ်း တွေ က ပြောနေပါတယ်။

မစ္စတာ ကော်မော်ရော့ဖ်စကီး ဟာ လူကြိုက် များ တဲ့ သမ္မတ ဖြစ် ခဲ့တဲ့ အပြင် သူ့ လက်ထက် မှာ ပိုလန် ရဲ့ စီးပွားရေး သိသိသာသာ တိုးတက် ခဲ့ တဲ့ အတွက် ရွေးကောက်ပွဲ မှာ အလွယ် တကူ နဲ့ အနိုင် ရလိမ့်မယ် လို့ ယူဆ ခဲ့ ကြပါတယ်။

ဒါပေမယ့် သူ့ရဲ့ အာဏာ ရ ပါတီ Civic Platform မှာ အကျင့်ပျက် ခြစားမှု တွေ ရှိတယ် ဆိုတဲ့ သတင်းတွေ ထွက် လာခဲ့ သလို၊ စီးပွားရေး လုပ်ငန်း ကြီး တွေ ရဲ့ ဘဏ္ဍာရေး ဆိုင်ရာ အကျိုးအမြတ် တွေ ဟာ ပိုလန် ပြည်သူ အများစု အတွက် ဖြစ် မလာခဲ့ ဘူး ဆိုပြီး တော့လည်း ဝေဖန်မှု တွေ ရှိလာ ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ